Myanmar Tradenet 2.0 နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ကြေငြာခြင်း

ပို့ကုန်သွင်းကုန်မှတ်ပုံတင်ကတ်နှင့် ဆက်စပ်ကတ်များမှတ်ပုံတင်ခြင်း၊ ပို့ကုန်သွင်း ကုန် လိုင်စင် ပါမစ်များအား Online စနစ်ဖြင့် လျှောက်ထားထုတ်ပေးနိုင်မည့် Myanmar Tradenet 2.0 စနစ်အား စတင်မိတ်ဆက်ခြင်း( Soft Launch) အခမ်းအနားအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် Virtual Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါ Myanmar Tradenet 2.0 စနစ် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ၏ နည်းပညာ နှင့် ငွေကြေး ပံ့ပိုးကူညီခဲ့ပါသည်။

 

ပထမ အဆင့် အနေဖြင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များသည် TradeNet အသင်းဝင်ခွင့်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ ပို့ကုန်/သွင်းကုန်လုပ်ငန်း ရှင် မှတ်ပုံတင်လက်မှတ်နှင့် ဆက်စပ်ကတ်များလျှောက်ထားခြင်းများကို စနစ််တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့မှစ၍ လျှောက်ထားနိုင်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ ကုန်ပစ္စည်းအမယ်အချို့ကို စတင်လျှောက်ထားနိုင်မည် ဖြစ်ပါ သည်။ ၂၀၂၁ ဇန်နဝါရီလတွင် အဆင့်မြှင့်တင်ထားသော Myanmar Tradenet 2.0 စနစ်ဖြင့် ပို့ကုန်/သွင်းကုန် ကုန်ပစ္စည်းအမယ်အားလုံးအား လျှောက်ထားနိုင်ရေး မျှော်မှန်းဆောင်ရွက် လျှက်ရှိပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်/သွင်းကုန်လိုင်စင်များ ကို အွန်လိုင်းမှ ထုတ်ပေးနိုင်တော့မည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။