အိတ်ဖွင့်တင်ဒါပေးသွင်းရန်ဖိတ်ခေါ်ခြင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန ၊ နေပြည်တော် တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ) ခွင့်ပြုရန်ပုံငွေပါ Software (၂)မျိုးနှင့် ငွေလုံးငွေရင်း (ဖြည့်စွက်) ခွင့်ပြုရန်ပုံငွေပါ ကွန်ယက်ချိတ်ဆက်မှုလုပ်ငန်း (ရုံးအမှတ် ၃ နှင့် ယှဉ်ပြိုင်မှုကော်မရှင်ရုံးသစ်) အား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် အောက်ဖော်ပြပါ သတ်မှတ်စံချိန်စံညွှန်းနှင့် တင်ဒါစည်းကမ်း ချက်များအတိုင်း ဈေးနှုန်းစိစစ်ရွေးချယ်ဝယ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ချက်များနှင့် အညီအောက်ဖော်ပြပါလုပ်ငန်းများအား တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါ သည်-

Lot No

 

DESCRIPTION OF EQUIPMENT

QTY

1

Software Development

 

(1)

API Process for Integration between Commerce Website and National Portal

- Mobile App

1 Set

(2)(a)

Fixed Assets Reporting System

1 Set

    (b)

Upgrade Accounting Application System

1 Set

2

Network & Accessories

 

(1)(a)

Fiber Cabling System

1 Set

    (b)

Fiber Converter

1 Set

(2)

Network Points and Data Cabling System with trunking

1 Set

(3)

Rack′ Switch and UPS System

1 Set

၂။            တင်ဒါတင်သွင်းမည့်သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင် ရွက်ရမည် ဖြစ်ပါသည်-

              (က)    တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါ ပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

            ( ခ )   တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့်တင်ဒါစပေါ်ငွေအား မြန်မာ့စီးပွား ရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque)ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါ အောင်မြင်ခြင်းမရှိသော ကုမ္ပဏီများ၏ တင်ဒါစပေါ်ငွေအား (၇)ရက်အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

              ( ဂ )   ဝန်ကြီးဌာန ၊ တင်ဒါကော်မတီမှ ရွေးချယ်သူထံမှသာသတ်မှတ်ချက်များနှင့်အညီ ဝယ်ယူမည်။

           (ဃ)   ဝန်ကြီးဌာန ၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါယှဉ်ပြိုင်မည့် ကုမ္ပဏီများမှ Lot အလိုက်တင်သွင်းမည့် Software (၂) မျိုးနှင့် ကွန်ယက်ချိတ်ဆက်မှုလုပ်ငန်း (ရုံးအမှတ် ၃ နှင့် ယှဉ်ပြိုင်မှုကော်မရှင်ရုံးသစ်)များအား လုပ်ငန်းအမျိုးအစားအလိုက် အသေးစိတ်ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး တင်ဒါပွဲ လာရောက်သူသည် လုပ်ငန်းရှင် ကိုယ်တိုင် (သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေကိုယ်စားလှယ် လွှဲအပ်ခြင်း တရားဝင်စာပူးတွဲ တင်ပြနိုင်မည့် ကိုယ်စားလှယ်ဖြစ်ရမည်။

              ( င )   အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဖိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။

             ( စ )   ပေးသွင်းမည့်လုပ်ငန်းတွင် အသုံးပြုမည့် Software (၂) မျိုး၏ Specification နှင့် ကွန်ယက်ချိတ်ဆက်မှုလုပ်ငန်း (ရုံးအမှတ် ၃ နှင့် ယှဉ်ပြိုင်မှုကော်မရှင်ရုံးသစ်)၏ Specification များမှာ ဌာနမှ ရွေးချယ်သတ်မှတ် ထားသည့် Specification အတိုင်း ဖြစ်ရမည်။

        (ဆ)  တင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်ရရှိမှသာ တင်ဒါအောင်မြင်မှု /မအောင်မြင်မှုကို ကြော်ငြာမည်ဖြစ်ပြီး၊ ဌာနတွင်ပေးသွင်းထားသော တင်ဒါအောင်မြင်သူများ၏ စပေါ်ငွေများအား လုပ်ငန်းပြီးမြောက်မှု အာမခံ Performance Guarantee ပေးသွင်းပြီးမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။ လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှဖြတ်တောက်ခွန် (၂%) ဖြတ်တောက်၍ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ပေးသွင်းရန်နှင့် ကုန်သွယ်လုပ်ငန်း ခွန် (၅%) ပေးသွင်းရန် သဘောတူ ရမည်။

               ( ဇ )     တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀၀/-နှုန်း ဖြင့် ကုန်သွယ်ရေးဦးစီးဌာန ၊ သတင်းအချက်အလက် နည်းပညာဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။

            ( ဈ )   တင်ဒါပုံစံများတင်သွင်းရာတွင် Software (၂) မျိုးနှင့် ကွန်ယက်ချိတ်ဆက်မှုလုပ်ငန်း (ရုံးအမှတ် ၃ နှင့် ယှဉ်ပြိုင်မှုကော်မရှင်ရုံးသစ်)၏ သတ်မှတ်အရည်အသွေး ၊ စံချိန် စံညွှန်းနှင့် တန်ဖိုးတို့ကို ပြည့်စုံစွာ ရေးသား ဖော်ပြရမည်။

၃။           သို့ဖြစ်ပါ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ)ခွင့်ပြု ချက်ပါ Software (၂)မျိုးနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(ဖြည့်စွက်) ခွင့်ပြုချက်ပါ   ကွန်ယက်ချိတ်ဆက်မှု လုပ်ငန်း (ရုံးအမှတ် ၃ နှင့် ယှဉ်ပြိုင်မှု ကော်မရှင်ရုံးသစ်)အား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် စိစစ်ဝယ်ယူ သွားမည်ဖြစ်ပါ၍ တင်ဒါလာရောက်ယှဉ်ပြိုင် ပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။

              တင်ဒါပုံစံရောင်းချသည့်နေ့  -   (၁၉- ၆ - ၂၀၂၀ ရက်နေ့ မှ  ၂ - ၇ -  ၂၀၂၀ ရက်နေ့ထိ )

              တင်ဒါကော်မတီဖြင့်            -   (သီးခြားထပ်မံအကြောင်းကြားပါမည်)

              ဈေးနှုန်းစိစစ်မည့်ရက်

              ကျင်းပမည့်နေရာ               -   ရုံးအမှတ်(၃)၊ တိုးချဲ့အစည်းအဝေးခန်းမ ၊ စီးပွား/ကူးသန်း

              ဆက်သွယ်ရန်ဖုန်း              -   ၀၆၇ - ၄၀၈၂၂၁

 

                                                                                                                                                             တင်ဒါစိစစ်ရေးအဖွဲ့