“MOC Perspectives on E-Commerce Development in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေး

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဝင်းက “MOC Perspectives on E-Commerce Development in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်