ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် Thausday Talk ဆွေးနွေးပွဲသို့ တက်ရောက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲ၌ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစပယ်ကြည်မောင်က ဈေးကွက်အတွင်းလွှမ်းမိုးမှု အခြေအနေအား အလွဲသုံးစားပြုခြင်းအတွက် ယှဉ်ပြိုင်မှုဥပဒေအလုပ် ရုံဆွေးနွေးပွဲခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစီးအရာရှိ ဦးမြတ်သူရက Project Management ခေါင်းစဉ်ဖြင့်လည်ကောင်း ဆွေးနွေး တင်ပြခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နိဂုံးချုပ်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။