အိန္ဒိယနနွင်းလှောင်လက်များ သိုလှောင်မှုအတွက် ဝယ်ယူ

အိန္ဒိယနနွင်းလှောင်လက်သမားတွေက နနွင်းအသစ်ဝင် မလာမီ ဈေးအနိမ့်နဲ့ သိုလှောင်ဖို့အတွက် ဝယ်ယူမှု များနေ တယ်လို့သိရပါတယ်။ ဒါကြောင့် ကြိုပွိုင့်ဈေးတွေ မြင့်လာ တယ်လို့ သိရပါတယ်။ အိန္ဒိယမြောက်ပိုင်းမှ အရည်အသွေး ကောင်းနနွင်းအော်ဒါများရှိနေခြင်းနဲ့အတူ လှောင်လက်သမား တွေက နနွင်းလက်ကျန်တွေ စုဝယ်နေ ကြတယ်လို့ သိရပါ တယ်။ကုန်သည်တွေက အရည်အသွေးကောင်း နနွင်းကို ပိုမို ဝယ်ယူကြတာကြောင့် စပ်မျိုးနနွင်းကို ဈေးမြင့်ပေးဝယ်ကြ တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဋ္ဌ မစ္စတာ အာကေ ဗွီရာဗီရှန်ကာမှ ဆိုပါတယ်။  နနွင်းအ သစ် များက ဇန်နဝါရီလမှာ ဝင်ရောက်တော့မှာ ဖြစ်ပြီး အစိုဓာတ်ပါဝင်မှုများမှာဖြစ်လို့ ပြည်ပတင်ပို့ ဖို့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။ ၂၀၁၂-၁၃ (ဇူလိုင် -ဇန်နဝါရီ)အတွက် နနွင်းအထွက် ခန့်မှန်းလျော့ကျခြင်း က ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ နိုင်ငံရဲ့ နနွင်း အများဆုံး ထုတ်လုပ်ရာ အင်ဒရာပရာဒေ့ရှ်ရဲ့ နနွင်း အထွက် က ပြီးခဲ့တဲ့နှစ်မှာ အိတ် ၈ သန်း - ၉ သန်းရှိရာမှ အိတ် ၄ ဒသမ ၅ - ၅ သန်းခန့်ကို ကျဆင်းနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ စပ်မျိုးနနွင်းဈေးမှာ ယခင်ရက်ထက် ရူပီး ၃၀၀၀ (ကန် ဒေါ်လာ ၅၅)ပိုမိုပြီး၊ ဒီဇင်ဘာလ ၂၇ ရက်မှာ ရူပီး ၆၅၅၉၀ (ကန်ဒေါ်လာ ၁၁၉၆)ရှိ တယ်လို့သိရပါတယ်။ နနွင်းဈေးက ဇန်နဝါရီလလယ်တိုင်အောင် လက်ရှိဈေးနှုန်းအတိုင်းသွား နိုင် ပြီး၊ နနွင်းအသစ်ဝင်လာတဲ့အချိန်မှာတော့ ဈေးကျ ဆင်းနိုင်တယ်လို့ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များ အသင်းမှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၄၁၉၉၀-၅၉၈၉၀ (ကန် ဒေါ်လာ ၇၆၅-၁၀၉၂)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၄၁၉၉၀-၅၅၆၉၀ (ကန်ဒေါ်လာ ၇၆၅ - ၁၀၁၅)ရှိကြောင်း၊ businessline  သတင်းအရ သိရပါတယ်။

Ref :Posted on 03 January, 2013