အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၏ လုပ်ငန်းတာဝန်တစ်ခုချင်းအလိုက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များဆွေးနွေး

၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၏ လုပ်ငန်းတာဝန် တစ်ခု ချင်းအလိုက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များ သိကောင်းစရာ ခေါင်းစဉ်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ လက်ထောက်အတွင်း ဝန် ဦးမင်းဇော် ဆွေးနွေးပြောကြားခဲ့ပါသည်။