“Myanmar National Portal အကြောင်းသိကောင်းစရာ” နှင့် “EIF အကြောင်းသိကောင်းစရာ”

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်အေးသက်က “Myanmar National Portal အကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးဇာနည်မြင့်ဆွေက “EIF အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက နိဂုံးချုပ်စကားပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။