“ 4th Edition of TEXPO ” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းများပါဝင်ပြသရန်ဖိတ်ကြား

   ပါကစ္စတန်နိုင်ငံ၊ Karachi Expo Centre ၌ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိကျင်းပပြုလုပ်မည့် 4th Edition TEXPO သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲသည် ပါကစ္စတန်နိုင်ငံတွင်ကျင်းပသည့် အကြီးမားဆုံးသော နိုင်ငံတကာအထည် အလိပ်ပြပွဲဖြစ်ပါကြောင်း၊ ပြပွဲ၏ ရည်မှန်းချက်မှာ နိုင်ငံအတွင်း ထုတ်လုပ်သော အထည်အလိပ်ထုတ် ကုန်မျိုးစုံကို တစ်နေရာတည်းတွင် ခင်းကျင်းပပြရန် စီစဉ်ထားပါကြောင်း၊ ပြည်ပမှ အထည်အလိပ် ထုတ်ကုန်တင်သွင်းသူများ၊ နိုင်ငံခြားဖောက်သည်များနှင့် ရေရှည်ခိုင်မြဲသော ဆက်ဆံမှုတိုးမြှင့်ရေးတို့ ဖြစ်ပါကြောင်း၊ ပြပွဲတွင် ပါဝင်ပြခြင်းအားဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက် တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများအပြင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် moctradefair@myantrade.gov.mm ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ် ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။