“East-West Economic Corridor (EWEC) International Trade, Tourism, and Invetment Fair-Da Nang 2023” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား
ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်မည့် “East-West Economic Corridor (EWEC) International Trade, Tourism, and Invetment Fair-Da Nang 2023” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင် ကြောင်း ဖိတ်ကြားလာသည်။
ပြပွဲတွင် မြန်မာကိုယ်စားလှယ်များအတွက် ပြခန်း (၂) ခန်းအား အခမဲ့စီစဉ်ပေးမည်ဖြစ်သည်။ ပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာမိတ်ဖက်နိုင်ငံများနှင့် ဗီယက်နမ်နိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ အီးမေးလ် moctradefair@myantrade.gov.mm ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သတင်းရရှိသည်။