MCCIA’s Pune Expo 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်ပြသရန်ဖိတ်ကြား

၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်

   အိန္ဒိယနိုင်ငံ၊ ပူနေးမြို့တွင် မဟာရတ်တာ လယ်ယာ၊ စက်မှုလက်မှုနှင့်ကုန်သည်လုပ်ငန်းရှင် များအသင်း (Maharatta Chamber of Commerce, Industries and Agriculture – MCCIA) က ဦးစီး၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ MCCIA’s Pune Expo 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲတွင်အဆင့်မြင့်နည်းပညာများ၊ ထုတ်ကုန်ပစ္စည်းများ၊ မော်တော်ယာဉ်၊ စက်မှုပညာ၊ လျှပ်စစ်ပစ္စည်း၊ လျှပ်စစ်ကားများ၊ စက်ယန္တရားများနှင့် အပိုပစ္စည်းများ၊ နည်းပညာဆိုင်ရာအသုံးပြုနည်းများ၊ သုတေသနနှင့် တီထွင်ထုတ်လုပ်မှုများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုအသစ်များအား မိတ်ဆက်ပြသခြင်းများနှင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများအပြင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်းသိရှိ ရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲအီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်နိုင်ကြောင်း သတင်းရရှိသည်။