ASEAN TRADE FAIR 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်

   ကိုရီးယားသမ္မတနိုင်ငံ၊ အီလ်ဆန်မြို့တွင် ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၂ ရက် နေ့အထိ Seoul Food 2023 နှင့်အတူ ပူးတွဲကျင်းပပြုလုပ်မည့် Asean Trade Fair 2023  သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ပြသနိုင်ကြောင်း ဖိတ်ကြားလာပါ သည်။

   အဆိုပါပြပွဲသည် အာရှရှိ စားသောက်ကုန်နှင့် အဖျော်ယမကာစျေးကွက်တွင် စတုတ္ထမြောက် အကြီးဆုံးပွဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ စားသောက်ကုန်နှင့် အဖျော်ယမကာထုတ်ကုန် အမျိုးမျိုးကို ပြသခြင်းအားဖြင့် နိုင်ငံတကာစျေးကွက်ရှာဖွေနိုင်မည်ဖြစ်ပါကြောင်း၊ ပါဝင်ပြသလိုသည့် လုပ်ငန်းရှင်များအား ပြခန်းများ စီစဉ်ပေးသွားမည်ဖြစ်ပြီး ပါဝင်ပြခြင်းအားဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအပြင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်နိုင်ကြောင်း သတင်းရရှိသည်။