ITC ဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုသည့် တန်ဖိုးမမာဏအား တိုးမြှင့်ခွင့်ပြုခြင်း

 

(က)    တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းမှတ်ပုံတင်လက်မှတ် (ITC) ကတ်ဖြင့် လုပ်ငန်းရှင်တစ်ဦးလျှင် တစ်ရက်ကျပ်သိန်း(၃၀)နှုန်းဖြင့် (၅) ရက်စာ တစ်ကြိမ်တည်း  ကျပ်သိန်း (၁၅၀) အထိ တိုးမြှင့် ဆောင်ရွက်ခွင့်ပြု လိုက်သည်။

(ခ)     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေထိုင်သူများ၊ မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်သူများနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း နေထိုင်သူများအား မန္တလေး ပို့ကုန်၊ သွင်းကုန်ရုံးနှင့် မူဆယ်(၁၀၅)  မိုင် ကုန်သွယ်ရေး ဇုန်တို့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ITC မှတ်ပုံတင်ခြင်း၊ ITC ဖြင့် လိုင်စင်ခွင့်ပြုခြင်းများ အား  ITC လုပ်ထုံးလုပ်နည်းတွင် ဖြည့်စွက်ခွင့်ပြုလိုက်သည်။