တမူးမြို့နှင့် နန့်ဖာလုံဈေး

တနင်္လာနေ့  ၁၈ မတ်လ  ၂၀၁၃ 04 း 16 PM

တမူးမြို့ရဲ့ အထင်ကရပြောစမှတ်ပြုရတဲ့ နန့်ဖာလုံဈေးသို့ အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။ နန့်ဖာလုံ ဈေးဟာ မိမိ နိုင်ငံဘက်ရှိ ဈေးဖြစ်ပြီး တစ်ဖက် နိုင်ငံ အိန္ဒိယ မိုရေးမြို့နဲ့ ထိစပ်လျက်ရှိပါတယ်။ လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ ရောင်းချနေတဲ့ ဈေးဖြစ်ပါတယ်။ တရုတ် နိုင်ငံမှ တရုတ် ပြည်ထုတ် လူသုံးကုန် ပစ္စည်းများကို မူဆယ်- မန္တလေး- မုံရွာ- ကလေးဝလမ်းမှ တမူးမြို့သို့ ရောက်ရှိပြီး တမူး နယ်စပ် ကုန်သွယ်ရေးမှ တဆင့် နန့်ဖာလုံ ဈေးတွင် ရောင်းချကာ တစ်ဖက် နိုင်ငံမှ ကသည်း လူမိုျး ကုန်သည်များ လက်လီ လက်ကား လာရောက် ဝယ်ယူကြပါတယ်။

နန့်ဖာလုံ ဈေးကို ယခင် ၂ဝဝဝ ခုနှစ် ရောက်ခဲ့စဉ်က တဲတန်း လျားများသာ ဖြစ်ပြီး ယင် ၂ဝ၁၃ ခုနှစ် တွင် တိုက်တန်းလျားများ ဖြစ်လာပြီး ယခင်ကထက် ပိုမို စည်ကား လာတာလို့ ဒေသခံ တစ်ဦးထံက သိရ ပါတယ်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ လက်တွေ့ ကျင့်သုံး နေတဲ့ ပို့ကုန် မူဝါဒနဲ့ အညီ မိမိ ပို့ကုန် ဈေးကွက်သည် မိမိ ပြည်တွင်း တွင်သာရှိရေး အဆိုနဲ့ နန့်ဖာလုံ ဈေးဟာ ထပ်တူ ကျနေပါတယ်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးရဲ့ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ အမိန့် ကြော်ငြာစာ အမှတ် ၁၆/၂ဝ၁၃ အရ ပို့ကုန် (၁၅၂) မိုျးအား လိုင်စင် လျှောက်ထားရန် မလိုဘဲ တင်ပို့ခွင့်ပြု ပေးခဲ့ပြီး နိုင်ငံတော်ရဲ့ ဖြေလျော့မှုမှာ ကုန်သည် လုပ်ငန်းရှင်များ နဲ့ ITC လုပ်ငန်းရှင်များ သာမက စားသုံးတဲ့ ပြည်သူများပါ ကုန်ဈေးနှုန်း သက်သာစွာနဲ့ စားသုံး နိုင်ရေး ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်ရဲ့ စေတနာ ဖြစ်ပါတယ်။

 

                                                                                                                               သူသူဆွေလှ (တမူး)