မောတောင်စခန်းအား ဧပြီလ ပထမပတ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိ
သောကြာနေ့ ၁၅ မတ်လ ၂၀၁၃ 11 း 59 AM
မောတောင် နယ်စပ်ကုန်သွယ်ရေး စခန်းကို ဧပြီလ ပထမပတ်တွင် ဖွင့်လှစ်နိုင်ရန် လျာထား ဆောင်ရွက်လျက် ရှိတယ်လို့ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ အစည်း အဝေးမှာ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန မြိတ်စခန်း တာဝန်ခံ ဦးမျိုးညွှန့်အောင်မှ ပြောကြာ ခဲ့တယ်လို့ သိရပါတယ်။ မောတောင် စခန်း ပေါ်ပေါက် လာပါက အခြားစခန်း များကဲ့သို့ ကုန်ပစ္စည်းများ တင်ပို့တင်သွင်းနိုင် သလို ပို့ကုန် သွင်းကုန် လုပ်ငန်းများကို သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းများနဲ့ အညီ အကောင်းမြင် ဝါဒဖြင့် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း ညွှန်ကြားရေးမှူး ဦးမိုျးညွှန့်အောင်မှ အဆိုပါ အစည်း အဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မြိတ်ခရိုင် ဆန်စပါး လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးထွန်းအေးမှ ဆန်စက် တွင် တောင်သူများ စပါးကြိတ်ရာမှာ ယခင်က စပါးတင်း (၁ဝဝ) လျှင် (၂၈) အိတ်ရရှိပြီး ယခုအခါ စပါးတင်း (၁ဝဝ) လျှင် (၁၈) အိတ် သာရ၍ ဆန်ကွဲ ထွက်ရှိမှု များတဲ့အတွက် ၎င်းဆန်ကွဲ များကို မောတောင်မှ တဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျှင် အဆင်ပြေ နိုင်ကြောင်း၊ ဆန်ကွဲများကို ဘီယာချက် စက်ရုံများမှ ဝယ်ယူလျက် ရှိသလို တရားဝင် ဂျူတီဆောင်၍ ကုန်ပစ္စည်းများ တင်ပို့မည်ဆိုပါက ဧရာဝတီတိုင်း တစ်ခုလုံးမှ စုစည်း၍ ရနိုင်ကြောင်း မောတောင် စခန်းအား အမြန်ဆုံး ဖွင့်လှစ် စေချင်ကြောင်းကို ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးမှာ ပြောကြား သွားတယ်လို့ သိရပါတယ်။
Source နကသ (မြိတ်) ခင်မိုးသူ