ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းမှ ပြောင်းဖူးစေ့ တင်ပို့မှုအားကောင်း
သောကြာနေ့ ၁၅ မတ်လ ၂၀၁၃ 10 း 06 AM
ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ အဓိက ပို့ကုန် အမယ်များမှာ တစ်ခု အပါအဝင် ဖြစ်တဲ့ ပြောင်းဖူးစေ့ တင်ပို့မှုမှာ ယခုရက်ပိုင်းများ အတွင်း တစ်ဖက် နိုင်ငံသို့ တင်ပို့မှု မြင့်တက် လာတာကြောင့် နေ့စဉ် မပြတ် တင်ပို့လျက် ရှိပါတယ်။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ပြောင်းစိုက် ရာသီမှာ ကချင် ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော် ဒေသများ အတွင်းရှိ ဧရာဝတီ မြစ်ရိုး တစ်လျှောက် စိုက်ပိုျး ထွက်ရှိလာတဲ့ ပြောင်းဖူးစေ့ များအား ၂၃-၂-၂ဝ၁၃ မှ ၇-၃-၂ဝ၁၃ ရက်နေ့ အထိ ကာလ အတွင်းမှာ ၁၂၄၅ တန် တင်ပို့နိုင် ခဲ့ပါတယ်။ ယခု ရက်ပိုင်း အတွင်း တစ်ဖက် နိုင်ငံ ထိန်ခုံျး ဈေးကွက်မှာ ပြောင်းဖူးစေ့ တစ်တန်လျှင် ၂၈ဝဝဝဝ ကျပ် ပေါက်ဈေးရှိနေပြီး ဝယ်လိုအား မြင့်တက် နေတာကြောင့် ပြောင်းဖူးစေ့ တင်ပို့သူများ ကြိုးစား တင်ပို့လျက် ရှိကြောင်း သိရှိ ရပါတယ်။
နကသ (ကပတ)