ကော့သောင်းနဲ့မောင်တောမှအပ ကျန်နယ်စပ်များတွင်ဒေသဆန်ဈေးများတည်ငြိမ်လျက်ရှိ

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 11 း 18 AM

နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ကော့သောင်းနဲ့ မောင်တောနယ်စပ် ဒေသရှိ ဆန်ဈေးများ အနည်းငယ် ကျလာတာကို တွေ့ရပြီး ကျန်နယ်စပ်ဒေသ အသီးသီးတွင် ယခင် အပတ် ဆန်ဈေးနှုန်း အတိုင်းတ ည်ငြိမ် နေတယ်လို့ သိရပါတယ်။ ကော့သောင်း နယ်စပ်မှာ ယခင်အပတ်ကထက် ဆန်ဈေးပြန် ကျလာတာကို တွေ့ရပြီး၊ ယခင်အပတ်က ပေါ်ဆန်မွှေး ၁ ပြည်ကို ၁၇ဝဝိ/-ဈေးရှိခဲ့ရာမှ ယခုအပတ်မှာ ၁၄ဝဝိ/-သို့ကျခဲ့ တာဖြစ်ပါတယ်။ မောင်တော နယ်စပ်မှာ ယခင်အပတ်က ဧည့်မထဆန် ၁ပြည်ကို ၆၅ဝိ/-ဈေးရှိခဲ့ရာမှ ယခုအပတ် တွင် ၆ဝဝိ/-သို့ဈေး အနည်းငယ်ကျလာလာတွေ့ရပါတယ်။    .......ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

ယခုအပတ် ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိ နယ်စပ်ဒေသ များရှိ ဆန်တစ်ပြည် ဈေးနှုန်းများကို Commerce Journal စာဖတ် ပရိတ်သတ် များကို အသိပေး လိုက်ရပါတယ်။ ပေါ်ဆန်မွှေး ၁ ပြည်ကို မူဆယ်မှာ ၁၆၅ဝိ/-၊ လွယ်ဂျယ်မှာ ၁၇၉၂ိ/-၊ ချင်းရွှေဟော်မှာ ၂ဝဝဝိ/-၊ ကော့သောင်း မှာ ၁၄ဝဝိ/-၊ မြိတ်မှာ ၁၃ဝဝိ/-၊ စစ်တွေမှာ ၈ဝဝိ/-ဈေးအသီးသီး ရှိပါတယ်။ ဧည့်မထဆန် ၁ ပြည်ကို တာချီလိတ် ဒေသမှာ ၈၅၃ိ/-၊ မြဝတီဒေသမှာ ၁ဝဝဝိ/-၊ မောင်တော ဒေသမှာ ၆ဝဝိ/-ဈေးရှိပါတယ်။ ဧရာမင်း ဆန် ၁ ပြည်ကို တမူးနဲ့ ရိဒ် နယ်စပ် များမှာ ၉ဝဝိ/-ဈေးအသီးသီး ဖြစ်ကြောင်း သိရပါတယ်။

 

                                                                                                      ဆွေဆွေဝင်း MIRT(DOBT)