စစ်တွေစခန်းမှမန်ကျည်းသီးမှည့်စတင်တင်ပို့
ကြာသပတေးနေ့ ၁၄ မတ်လ ၂၀၁၃ 10 း 53 AM
ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိ ကာလ အတွင်းမှာ မြန်မာ - ဘင်္ဂလား ဒေ့ရှ် နယ်စပ်ရှိ စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ဝဝ၃ သန်း တန်ဖိုးရှိ မန်ကျည်းမှည့် အစေ့ပါ ၄ တန်ကို ပြန်လည် တင်ပို့မှု ရှိလာတာ တွေ့ရပါတယ်။ ၂ဝ၁၂ ခုနှစ်၊ အောက်တို ဘာလ က နောက်ဆုံး အကြိမ် အပို့ရှိ ခဲ့ပြီး တင်ပို့မှု ရပ်နား နေရာမှာ ယခု အပတ်မှာ ပြန်လည် တင်ပို့မှု ရှိလာတာဖြစ်ပါတယ်။ မန်ကျည်း သီးမှည့် ပေါ်ရာသီ ချိန်ဖြစ် သဖြင့် တင်ပို့နိုင်ခြင်း ဖြစ်ပါတယ်။ မန်ကျည်း သီးမှည့်နဲ့ အတူ ကန်ဒေါ်လာ သုည ဒသမ ဝဝ၄ သန်း တန်ဖိုးရှိ မန်ကျည်းစေ့ ၆၈ တန် ကို လည်း တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က စစ်တွေ စခန်းမှ မန်ကျည်း စေ့ တင်ပို့မှု မရှိခဲ့ဘူး လို့ သိရပါတယ်။
မြင့်မြင့်မာ MIRT(DOBT)