အိန္ဒိယနယ်စပ် တမူးတွင် ကုန်သွယ်မှုပမာဏတိုးတက်

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 02 း 58 PM

မြန်မာ-အိန္ဒိယနယ်စပ် တမူးနယ်စပ်ကုန်သွယ်ရေး စခန်းတွင် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွက် ကုန်သွယ်မှု ပမာဏ လျာထားချက်မှာ ပို့ကုန် ၁ ဒသမ ဝ၁၅ ဒေါ်လာသန်း၊ သွင်းကုန် ၁ ဒသမ ဝ၁၄ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂ ဒသမ ဝ၂၉ ဒေါ်လာသန်း ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပို့ကုန် ၁ ဒသမ ၁ဝ၈ ဒေါ်လာသန်း သွင်းကုန် သုညဒသမ ၉၈၂ ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ ၂ ဒသမ ဝ၉ဝ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၁ဝ၃ ဒသမ ၁ဝ ရာခိုင်နှုန်း ရရှိ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ တမူးစခန်းမှာ အဓိကတင်ပို့တဲ့ ကုန်ပစ္စည်းများ ကတော့ ကွမ်းသီး၊ စီးကရက်နဲ့ ဒေသထွက် ပဲမိုျးစုံတို့ဖြစ်ပြီး သွင်းကုန်အနေနဲ့ကတော့ ဂုံျစေ့၊ ဂုံျမှုန့်၊ Betnovate-N၊ ပါတိတ်၊ ပုဆိုး စတာတွေ ဖြစ်ပါတယ်။ အိန္ဒိယနယ်စပ် တမူးစခန်းရဲ့ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ၂၂ ဒသမ ၁၄ဝ ဒေါ်လာသန်း လျာထားခဲ့ရာမှာ ၂ဝ၁၃ ခုနှစ် မတ်လ ၁ ရက်နေ့အထိ ပို့ကုန် ၁၅ ဒသမ ၄၉၇ ဒေါ်လာသန်း၊ သွင်းကုန် ၆ ဒသမ ၇၁ဝ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂၂ ဒသမ ၂ဝ၇ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဘဏ္ဍာနှစ် ကုန်ဆုံးဖို့ရက် ၃ဝ အလိုမှာပဲ လျာထားချက် ရာခိုင်နှုန်းပြည့်မီ ကျော်လွန်ခဲ့ပြီးဖြစ်ပါတယ်။ ကျန်ရှိတဲ့ရက် (၃ဝ)မှာလည်း ကုန်သွယ်မှုတိုးတက်ဖို့အတွက် နယ်စပ် ကုန်သွယ်ရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကုန်သည်အသင်း၊ ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင် များနဲ့ ပေါင်းစပ်ညှိနှိုင်းကြိုးစား ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။

                                                                                                            အောင်ကျော်မိုး (တမူး)