ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့သာမက အိန္ဒိယနိုင်ငံသို့ပါ ကုန်သွယ်မှုပြုလာနိုင်တော့မယ့် စစ်တွေနယ်စပ်ကုန်သွယ်ရေး

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃  01 း 25 PM

စစ်တွေဒေသမှ အဓိကထွက်ရှိတဲ့ ရေငန်ပုစွန်အပြင် ငါးမြစ်ချင်းများကို ရန်ကုန်မှတဆင့် တင်ပို့ခြင်း မဟုတ်ဘဲ စစ်တွေမှ တင်ပို့နိုင်အောင် ကြိုးစား ဆောင်ရွက်လျက်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ငါးမြစ်ချင်းနဲ့ပတ်သတ်ပြီး သားဖောက် လုပ်ငန်းများ လုပ်ဖို့ စီစဉ်ထားပါကြောင်း အကြံပြုချက် အနေဖြင့် တရားမဝင် လမ်းကြောင်း တွေကို အဖွဲ့အစည်း များဖြင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ် ဆိုရင် ကုန်သွယ်မှုပိုင်း တက်လာ နိုင်တယ်လို့ ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ပြည်နယ်မှူး ဦးမြင့်သိန်းမှ ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း အစည်းအဝေး ခန်းမမှာ ကျင်းပပြု လုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ များမကြာခင် ကာလမှာ အိန္ဒိယနိုင်ငံမှ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နံှမှု ကိုယ်စားလှယ် အဖွဲ့ဟာ စစ်တွေမြို့ကို လာရောက်ပြီး ဌာန ဆိုင်ရာများ၊ ကုန်သည် အသင်းအဖွဲ့ များနဲ့ Business Matching ပြုလုပ်မှာ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ကောင်စစ် ဝန်ရုံးကိုလည်း မကြာမီ စစ်တွေမြို့မှာ လာရောက် ဖွင့်လှစ်တော့မယ်လို့ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရန်နိုင်မြင့်မှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မိမိတို့ ဒေသတွင်း ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ သာမက အိန္ဒိယနိုင်ငံသို့ ကုလားတန်မြစ် ကြောင်းမှ တဆင့် တိုက်ရိုက် ကုန်သွယ် နိုင်တော့မှာ ဖြစ်ပြီး ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် ကုန်သွယ်မှု နယ်ပယ် ကျယ်ပြန့် လာပြီး စီးပွားရေး ဝယ်လက်ကောင်း များအား ယှဉ်ပြိုင်၍ ရောင်းချ နိုင်တော့မှာ ဖြစ်တယ်လို့ ဒုတိယ ညွှန်ကြားရေးမှူးမှ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေး မှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

Sourceနကသ(စစ်တွေ)                                                                              ခင်မိုးသူ