တာချီလိတ်နယ်စပ်မှ ထိုင်းနိုင်ငံသို့လိမ္မော်သီးများတင်ပို့
တနင်္လာနေ့ ၁၁ မတ်လ ၂၀၁၃ 03 း 45 PM
မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် နယ်စပ်မှ တစ်ဆင့် ဒေသထွက် လိမ္မော်သီး များအား ထိုင်းနိုင်ငံ သို့တင် ပို့လျက် ရှိပါတယ်။ ဒေသထွက် လိမ္မော်သီး များမှာ နိုဝင် ဘာလမှ ဖေဖော်ဝါရီလထိ ထွက်ရှိပါတယ်။ ဇန်နဝါရီလမှာ လိမ္မော်သီး ၅၈၁ တန် ကျော်၊ တန်ဖိုးကျပ် ၁ဝ၉ သန်း ကျော်ဖိုး တင်ပို့ ခဲ့ပြီး ဖေဖော်ဝါရီလမှာ လိမ္မော်သီး ၄၉၁ တန်ကျော်၊ တန်ဖိုးကျပ် ၉၂ သန်း ကျော် တင်ပို့ ခဲ့ပါတယ်။ ဖြောင့်ဖြူး ပျော်ရွှင ကုမ္ပဏီနဲ့ Eastern Agriculture ကုမ္ပဏီတို့ မှတင်ပို့ခ ဲ့ကြပါတယ်။ လိမ္မော်သီး အဓိက ထွက်ရှိတဲ့ ဒေသများမှာ တာချီလိတ်မြို့နယ်ရှိ ဖန်မင ်ကျေးရွာ၊ ဝမ်ကျောက် လုံကျေးရွာ၊ မိုင်းဆတ် မြို့နယ်ရှိ ဝမ်ဟုန် ကျေးရွာနဲ့ ကျိုင်းတုံ မြို့နယ်များမှ ဖြစ်ပါတယ်။ ထွက်ရှိတဲ့ လိမ္မော်သီး များကို ထိုင်းနိုင်ငံ မယ်ဆိုင် ဈေးကွက်သို့ ၁ ကီလိုဂရမ် လျှင် ၁၈၉ ကျပ်ဈေး (၁ တန်ကို ၁၈၉ဝဝဝ ကျပ်) နဲ့တင်ပို့ လျက်ရှိတယ် လို့သိရှိ ရပါတယ်။
Source: နကသ (တခလ)