4 P ကို အခြေခံပြီး ဈေးကွက်အသာစီးရအောင်ဆောင်ရွက်ရန်လို

တနင်္လာနေ့  ၁၁ မတ်လ  ၂၀၁၃  03 း 35 PM

မိမိတို့ ရောင်းချမဲ့ ကုန်ပစ္စည်းများရဲ့ အရည်အသွေးနဲ့ ဈေးကွက် လိုအပ် ချက်ပေါ် မူတည်ပြီး Product, Price, Place & Promotion စတဲ့ 4P ကို အခြေခံပြီး ဈေးကွက် အသာစီး ရအောင် ဆောင်ရွက် ကြဖို့ ဖေဖော် ဝါရီလ ၂၇ ရက်နေ့ ၁၃းဝဝ ချိန်က ရခိုင် ပြည်နယ် စစ်တွေမြို့ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း အစည်းအဝေး ခန်းမမှာ ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးမှာ စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးရန်နိုင်မြင့်က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။  .... (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

 

မကြာခင် အိန္ဒိယနိုင်ငံ ဆိုင်ရာ ကောင်စစ် ဝန်ရုံးကို စစ်တွေမှာ လာရောက်ဖွင့်လှစ် တော့မှာ ဖြစ်တဲ့ အတွက် စစ်တွေ ဒေသရှိ ကုန်သည် လုပ်ငန်းရှင်များ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ သာမက အိန္ဒိယနိုင်ငံ နဲ့လည်း ကုလားတန် မြစ်ကြောင်းမှ တဆင့် တိုက်ရိုက် ကုန်သွယ် နိုင်တော့မှာ ဖြစ်ပါတယ်။ ကုန်သွယ်မှု နယ်ပယ် ကျယ်ပြန့်လာပြီး စီးပွားရေး ဝယ်လက် ကောင်းများ အား ယှဉ်ပြိုင် ရောင်းချနိုင်တော့မှာ ဖြစ်သလို နည်းပညာနဲ့ ရင်းနှီး မြှုပ်နံှမှုများ၊ ကုန်သွယ်မှု အခွင့် အလန်းများ ရရှိတော့မှာ ဖြစ်လို့ 4 P ကို အခြေခံပြီး ဈေးကွက် အသာစီး ရရှိအောင် ဆောင်ရွက်ရေး ဦးရန်နိုင်မြင့်က တိုက်တွန်း ပြောကြား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

 MIRT (DOBT)