ပညာပေး ကာလ ထက် အရေးယူမှု ကာလ အတွင်း ပစ္စည်း တန်ဖိုး ကျပ်သန်း ၁၈ဝ ကျော်ဖိုး Mobile Team မှ ပိုမို စစ်ဆေး တွေ့ရှိ
ဗုဒ္ဓဟူးနေ့ ၆ မတ်လ ၂၀၁၃ 14 း 35 PM
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန အနေနဲ့ စားသုံးသူ အကာ အကွယ် ပေးရေး နဲ့ တရား မဝင် ကုန်သွယ်မှု တားဆီး ထိန်းခုျပ်ရေး အဖွဲ့ (Mobile Team) နဲ့ နယ်စပ် ကုန်သွယ်ရေး စခန်း ထုတ်နှုတ် အင်အား များနဲ့ မူဆယ်-မန္တလေး၊ မြဝတီ-ရန်ကုန် ကုန်သွယ်မှုအဓိက လမ်းကြောင်း များ၊ စခန်း အနီး လက်လှမ်း မီတဲ့ နေရာ များနဲ့ ရှောင်ကွင်း လမ်းများ မှာ ပညာပေး ကာလနဲ့ အရေးယူ ကာလ အဖြစ် နှစ်ပိုင်းခွဲ အရေးယူ ဆောင်ရွက် မှု ပြုလျက် ရှိပါ တယ်။.(ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ) မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှာ ပညာပေး ကာလ ကို ၂ဝ၁၂ ခုနှစ် နိုဝင် ဘာလ ၁ ရက်မှ ဒီဇင် ဘာလ ၃၁ ရက် ထိ ၂ လေ ဆာင်ရွက် ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇန်န ဝါရီလ ၁ ရက်နေ့ မှစပြီး အရေးယူ ဆောင်ရွက် မှု ပြုလုပ် လျက် ရှိပါ တယ်။..........မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း မှာ ပညာပေး ကာလ ကို ၂ဝ၁၂ ခုနှစ် နိုဝင် ဘာလ ၂ဝ ရက်မှ ၂ဝ၁၃ ခုနှစ် ဇန်န ဝါရီလ ၂ဝ ရက်ထိ ၂ လနဲ့ အရေးယူ ဆောင်ရွက် မှုကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်မှ စတင် ဆောင်ရွက် လျက် ရှိပါ တယ်။
စခန်း ထုတ်နှုတ် အင်အား များ အနေနဲ့ မူဆယ် ကုန်သွယ် ရေးဇုန်၊ တာချီလိတ်၊ တမူး၊ ကော့သောင်းနဲ့ မြိတ် နယ်စပ် ကုန်သွယ်ရေး စခန်း များနဲ့ အရေးယူမှုများ ဆောင်ရွက် လျက် ရှိနေ ပါတယ်။ ပညာပေး ကာလ နဲ့ စတင် အရေးယူ ဆောင်ရွက် သည်မှ ဖေဖော် ဝါရီလ ၁၅ ရက်ထိ ကျပ် ၉၆၂ သန်း ကျော် တန်ဖိုး ရှိ တရား မဝင် ကုန်ပစ္စည်း များကို အမှုတွဲ ၃၆၇ ခု နှင့် ဖွင့်လှစ် အရေးယူ ဆောင်ရွက် ခဲ့ရ တယ်လို့ နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနမှ စုံစမ်း သိရှိ ရပါတယ်။ ပညာပေး ကာလမှ အမှုတွဲ ၉၆ ခု ရှိခဲ့ပြီး အရေး ယူမှု ကာလမှာ ၂၇၁ တွဲ ဆောင်ရွက် ခဲ့ရာ ကျပ်သန်း ၁၈၂ နီးပါး ပညာပေး ကာလ ထက် ပိုမို ဆောင်ရွက် ထားတာ တွေ့ရ ပါတယ်။ ပညာပေး ကာလ ထက် အမှုတွဲ အားဖြင့် ၃ ဆ နီးပါး တန်ဖိုး အားဖြင့် ၁ ဆခွဲ နီးပါး ပိုမို ခဲ့တာ တွေ့ရတဲ့ အတွက် ကုန်သည် လုပ်ငန်း ရှင်များ အနေနဲ့ ပုံမှန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှ ရာခိုင်နှုန်း ပြည့် ဆောင်ရွက် နိုင်ရေး ကိုယ်တိုင် ရော မိမိ ဝန်းကျင် ကိုပါ ထိန်းကျောင်း လုပ်ဆောင် သွားဖို့ မလွဲ မသွေ လိုအပ် နေပြီ ဖြစ်ပါ တယ်။
ပညာပေး ကာလ အတွင်း မူဆယ်-မန္တလေး၊ မြဝတီ-ရန်ကုန် လမ်းကြောင်းမှာ တာဝန်ယူ လုပ်ဆောင် ခဲ့တဲ့ Mobile Team အဖွဲ့ရဲ့ လုပ်ဆောင် မှုများနဲ့ တန်ဖိုး များကို ဖော်ပြ ပေးလိုက် ရပါတယ်-
လမ်းကြောင်း ကာလ အမှုတွဲ ခန့်မှန်းတန်ဖိုး (ကျပ်သန်း)
မူဆယ်-မန္တလေး ၁-၁၁-၂ဝ၁၂ မှ ၂၉ ၁၉၈.၇၄၄
၃၁-၁၂-၂ဝ၁၂ ထိ
မြဝတီ-ရန်ကုန် ၂ဝ-၁၁-၂ဝ၁၂ မှ ၄၉ ၁၂၆.၈၈ဝ
၂ဝ-၁-၂ဝ၁၂ ထိ
အရေးယူ ကာလ အတွင်း မူဆယ်-မန္တလေး၊ မြဝတီ-ရန်ကုန် လမ်းကြောင်းမှာ Mobile Team အဖွဲ့ရဲ့ လုပ်ဆောင်မှုများနဲ့ တန်ဖိုး များကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက် ရပါ တယ်-
လမ်းကြောင်း ကာလ အမှုတွဲ ခန့်မှန်းတန်ဖိုး (ကျပ်သန်း)
မူဆယ်-မန္တလေး ၁-၁-၂ဝ၁၃ မှ ၅၅ ၂၅၅.၈၃၆
၁၅-၂-၂ဝ၁၃ ထိ
မြဝတီ-ရန်ကုန် ၂၁-၁-၂ဝ၁၃ မှ ၈၈ ၂၅၉.၇၇၅
၁၅-၂-၂ဝ၁၃ ထိ
ပညာပေး ကာလ အတွင်း မှာ လိုင်စင် ပြန်လုပ် ပေးတဲ့ အပိုင်း မှာ ပို့ကုန် အမှုတွဲ ၁၁ တွဲ၊ သွင်းကုန် အမှုတွဲ ၂၄၇ တွဲ၊ တန်ဖိုး အားဖြင့် ကျပ် ၂၄၅ သန်း ခန့်၊ ဒေါ်လာ သုည ဒသမ ၃၃ သန်း၊ ယွမ် သုည ဒသမ ၅၇၉ သန်း ဆောင်ရွက် ပေးခဲ့ ရတယ် လို့ သိရ ပါတယ်။ ပုတ်သိုး ပျက်စီး လွယ် ပစ္စည်း များ ဖြစ်တဲ့ အသား တု (အစို)၊ ကြက်သား၊ ကြက်ဆီဗူး၊ ကြက်အူ ချောင်း (အစို)၊ ရေခဲရိုက် ဘဲသား၊ ပဲပုတ် စေ့၊ ပင်လယ် စာများ၊ ထောက်ခံ ချက် မပါတဲ့ ဓါတ်မြေ သြဇာနဲ့ ပိုးသတ် ဆေးများ ကျပ် ၁၂ သန်း ကျော်ဖိုးနဲ့ ကြက် အသည်း အမြစ်နဲ့ ပုစွန်ဖြူ ကျပ် ၂၅ သန်း ကျော် ဖိုးကို မူဆယ်-မန္တလေးနဲ့ မြဝတီ-ရန်ကုန် လမ်းကြောင်း ပေါ်မှာ စစ်ဆေး တွေ့ရှိတဲ့ အတွက် မီးရှို့ မြေမြုပ် ဖျက်ဆီး မှုများကို လုပ်ဆောင် ခဲ့ရ တယ်လို့ လည်း သတင်း ရရှိ ပါတယ်။
MTN