တာချီလိတ် နယ်စပ်တွင်လည်း ITC လျှောက်ထားမှု ရှိလာပြီ

ကြာသပတေးနေ့ ၂၁ ဖေဖော်ဝါရီလ ၂၀၁၃ 11း20 AM

ဇန်နဝါရီလ ၂၇ ရက်နေ့က တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ ပြုလုပ်တဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာချီလိတ် မြို့နယ်နေ ကုန်သည် လုပ်ငန်းရှင်များ၊ ကုန်သည်အသင်းမှ တာဝန်ရှိသူများနဲ့ တွေ့ဆုံပွဲမှာ တာချီလိတ်နေ ကုန်သည် လုပ်ငန်းရှင်များရဲ့ တင်ပြချက် အရ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စပြီး ITC (Individual Trading Card) ခွင့်ပြု ပေးနိုင်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးမှ လမ်းညွှန်ပေးခဲ့ပြီးဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့မှစပြီး ITC ဆောင်ရွက်ပေးရန် စီစဉ်ထားပေမဲ့ လားဟူ နှစ်သစ်ကူးပွဲ၊ တရုတ် နှစ်သစ်ကူးပွဲ ကာလ ဖြစ်နေတာကြောင့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ထိ ITC လျှောက်ထား ဆောင်ရွက်မှုမရှိခဲ့ပါဘူး။ တရုတ် နှစ်သစ်ကူးနဲ့ လားဟူ နှစ်သစ်ကူး ကာလများ ပြီးဆုံးချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာတော့ ITC ကို (၆) ဦး လာရောက် လျှောက် ထားမှုရှိလာပါတယ်။ သတ်မှတ် စာရွက်စာတမ်းနဲ့ စည်းကမ်းချက်များ ပြည့်စုံတဲ့ အတွက် နေ့ချင်းပြီး ITC များကို ထုတ်ပေး နိုင်ခဲ့ပါတယ်။

တာချီလိတ် ကုန်သည်များ အနေနဲ့ ITC နဲ့ လိုင်စင် လျှောက်ထား လိုသော ပစ္စည်း အများစုမှာ အခိုျမှုန့်၊ အချိုရည်၊ ခေါက်ဆွဲခြောက်၊ မုန့်မျိုးစုံ၊ ငံပြာရည်စတဲ့ FDA ထောက်ခံချက် လိုအပ်တဲ့ စားသောက်ကုန်များနဲ့ ဆပ်ပြာမှုန့်၊ အဝတ်အထည်၊ ဆောက်လုပ်ရေး ပစ္စည်းများ ဖြစ်ကြပါတယ်။

ITC နဲ့လုပ်ငန်း ဆောင်ရွက်မဲ့ နယ်စပ်နေ ပြည်သူများအနေနဲ့ အရင်းအနှီး နည်းပါးခြင်း၊ တရားဝင် ကုန်သွယ်မှု လုပ်ထုံး လုပ်နည်းများကို နားလည်မှု မရှိသေးခြင်း၊ FDA ရုံးစိုက်ရာ ရန်ကုန်၊ မန္တလေးစတဲ့မြို့များကို သွားရောက်၍ ထောက်ခံချက် တောင်းခံရန် အလှမ်းဝေးခြင်း၊ လိုင်စင်ကြေးနဲ့ အခွန်အခ ပေးသွင်းရာမှာ ကုမ္ပဏီများ နည်းတူ သတ်မှတ်နှုန်းထားများ အတိုင်း ပေးဆောင်ရန် အခက်အခဲများ ရှိခြင်း၊ FDA ထောက်ခံချက် ဆောင်ရွက်ပေးနိုင်မဲ့ FDA ရုံးခွဲအား တာချီလိတ်တွင် ဖွင့်လှစ်ပေး နိုင်ရေးနဲ့ ITC နဲ့ လျှောက်ထားတဲ့ လိုင်စင်ကြေးများအား ကုမ္ပဏီကြီးများနဲ့ တန်းတူနှုန်းထား မသတ်မှတ်ဘဲ လျော့ပေါ့ပေးရန် တင်ပြခဲ့ကြပါတယ်။ ဒါ့အပြင် ITC နဲ့ ဆောင်ရွက်မဲ့ ဒေသခံ တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များ အနေနဲ့ အရင်းအနှီး များများစားစား မရှိတာကြောင့် လိုင်စင်တစ်စောင် ကျပ်သိန်း ၅ဝ ဖိုးထိ လျှောက်ထား နိုင်သော်လည်း တစ်ကြိမ်လျှင် ကျပ် ၅ သိန်းမှ ၁ဝ သိန်း ထိသာ ဝယ်ယူတင်သွင်း ရောင်းချပြီး ငွေပြန်ပေါ်မှ နောက်တစ်ကြိမ် ပြန်ဝယ်ခြင်း ရောင်းခြင်းကို လည်ပတ် သုံးစွဲရမှာ ဖြစ်လို့ လိုင်စင်သတ်တမ်း (၇)ရက်နဲ့ မလုံလောက်တဲ့ အတွက် သက်တမ်းအား (၁၅) ရက်ခန့်ထိ သတ်မှတ် ပေးစေလိုကြောင်း တင်ပြခဲ့သေးတယ်လို့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သတင်း ရရှိပါတယ်။

ကိုျင်းတုံ၊ တာချီလိတ် ဒေသခံများအနေနဲ့ ITC နဲ့ တရားဝင် ကုန်သွယ်မှုကို စိတ်ပါဝင်စားမှု ရှိသော်လည်း အထက် တင်ပြပါ အခက်အခဲများ၊ ဖြေလျော့ ပေးနိုင်မယ်ဆိုလျှင် ITC နဲ့ဆောင်ရွက်မှုတိုးမြှင့်လာနိုင်မယ်၊ မိုင်းလား ဒေသက တင်သွင်း ခြင်းကိုပါ ခွင့်ပြုမယ် ဆိုလျှင် ITC နဲ့ လိုင်စင် ဆောင်ရွက်မှု တိုးတက်လာနိုင်မှာပါလို့ တာချီလိတ် စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်းထံက သိရှိရပါတယ်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ( ၂၁ ) ရက်မှ ဖေဖော်ဝါရီလ ( ၁၃ ) ရက်နေ့ အထိ ကာလ အတွင်း တမူး၊ မူဆယ်၊ မြဝတီနဲ့ တာချီလိတ် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ITC ထုတ်ပေးမှု လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ဖော်ပြ ပေးလိုက်ရပါတယ် -

            ကျပ်သန်း
စခန်းအမည် ITC စတင်
ဆောင်ရွက်သည့်နေ့
ITC
အရေ
အတွက်
ပို့ကုန် သွင်းကုန် ကုန်သွယ်မှု
စောင်ရေ တန်ဖိုး စောင်ရေ တန်ဖိုး
တမူး ၂၁-၁၁-၂၀၁၂ ၆၅ ၁၄.၈၁၂ ၁၁၅ ၂၅၈.၂၁၄ ၂၇၃.၀၂၆
မူဆယ် ၁-၁၂-၂၀၁၂ ၁၂၆ - - ၈၈ ၁၄၂.၈၁ ၁၄၂.၈၁
မြဝတီ ၁-၁၂-၂၀၁၂ ၁၈ - - ၁၈.၃၁၁ ၁၈.၃၁၁
တာချီလိတ် ၁-၂-၂၀၁၃ - - - - -
  စုစုပေါင်း ၂၁၅ ၁၄.၈၁၂ ၂၁၀ ၄၁၉.၃၃၅ ၄၃၄.၁၄၇

Source : နကသ (တခလ) ချမ်းမြေ့မောင်