ဘူးသီးတောင်- မောင်တော လမ်းကြောင်း ဖောက်လုပ်မှု ယခုနှစ် ဘဏ္ဍာ နှစ်ကုန်ပိုင်းမှာ ပြီးစီးမည်ဟု ခန့်မှန်း

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 18:16 PM

ပြည်သူ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဖောက်လုပ်နေသော ဘူးသီးတောင်- မောင်တော ဥမှင် လှိုင်ခေါင်း လမ်းကို လမ်းလွဲှ လမ်းဖောက် လုပ်ရေး လုပ်ငန်းမှာ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် ကုန်ပိုင်း မတ်လမှာ ပြီးစီးမယ် လို့ခန့် မှန်းနေကြပါတယ်။ လက်ရှိ လမ်းပိုင်းမှာ ၁၉၁၈ ခုနှစ်က ဖောက်လုပ် ထားခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ရာကျော် သက်တမ်းရှိ နေပြီဖြစ် ပါတယ်။ ဥမှင်လှိုင်ခေါင်း လမ်းလွဲှဟာ အရှည်ပေ ၁၈ဝဝ၊ အကျယ် ၅ဝ ပေနဲ့ အမြင့် ၁၈ ပေရှိပြီး လမ်းဖောက် လုပ်မှုကို ပွင့်လင်းရာသီမှသာ လုပ်ဆောင် နိုင်ပါတယ်။ မိုးရာသီမှာ တောင်ပြို/ မြေပြိုခြင်း များကြောင့် လမ်းများ ပျက်စီးမှုနဲ့ ကြုံတွေ့ နေရတာဖြစ် ပါတယ်။ သဘာဝ ဘေးအန္တရာယ်များကို ကာကွယ်ရန် အတွက် ဥမှင်လှိုင် ခေါင်းကို လွဲှပြီး ပတ်လမ်း ဖောက်လုပ် နေတယ်လို့ သိရပါတယ်။ ပျက်စီးနေသော လမ်းပိုင်းများကို ယာဉ်ယန္တရား ကြီးများ အသုံးပြုပြီး ပြင်ဆင်နေပြီး မတ်လကုန်မှာ ပြီးစီးမယ်လို့ ခန့်မှန်း ထားခြင်းဖြစ်ပါတယ်။

မေရုတောင်ပေါ် လမ်းဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေး အတွက် အဓိက ကျတဲ့တစ်ခု တည်းသော လမ်းဖြစ်ပြီး နယ်စပ်မြို့ မောင်တောနဲ့ ဆက်သွယ် ထားသော လမ်းလည်း ဖြစ်ပါတယ်။ လက်ရှိ အသုံးပြု နေတဲ့လမ်းကို ဗြိတိသျှ ခေတ်မှာ ဖောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး ဥမှင် လှိုင်ခေါင်းဟာ ၁၉၁၈ ခုနှစ် ကတည်းက ဖောက် လုပ်ထားခြင်း ဖြစ်ပါတယ်။ အသက်ရာ ကျော်နေပြီး အကြိမ်ပေါင်း များစွာ ပြုပြင်မှု လုပ်နေရတဲ့ လမ်းတစ်ခု ဖြစ်ပြီး အန္တရာယ်များ လာပြီ ဖြစ်တဲ့ အတွက် ယခု ပတ်လမ်းကို ဖောက်လုပ် ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Source: The Nation --- CMK