ကုန်သွယ်ရွှင်ပျော် ချင်းရွှေဟော်

ကြာသပတေးနေ့ ၃၁ ဇန်နဝါရီလ ၂၀၁၃ 15:30 PM

မြန်မာနိုင်ငံ အရှေ့ မြောက် ဒေသမှာ ရှိတဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းဟာ ပို့ကုန်ကို အဓိက တင်ပို့တဲ့ စခန်း ဖြစ်ပြီး၊ ပို့ကုန် ပစ္စည်းများမှာ ပြောင်း၊ ဆန် ၊ ရာဘာ ၊ ကြံတို့ အပြင် ရေထွက် ကုန်ပစ္စည်းများ ဖြစ်တဲ့ ဂဏန်း၊ ငါးရှဉ့် တို့ တင်ပို့လျှက် ရှိပါတယ်၊ ယခုအခါ တစ်ဖက် နိုင်ငံ ဈေးကွက် လိုအပ်ချက် အရ ကင်းမွန်ခြောက် (Dried Small Squit) ကိုလည်း အမယ်သစ် ပို့ကုန် အနေနဲ့ စတင် တင်ပို့ မယ်လို့ သိရပါတယ်။ ကုန်သည် လုပ်ငန်းရှင်များ အနေနှင့် လမ်းခရီး ကောင်းမွန်ခြင်း၊ အချိန် ကြန့်ကြာမှု မရှိခြင်း၊ မိမိ နိုင်ငံဘက်တွင် ဈေးကွက်ဖြစ် ပေါ်နေခြင်း စတဲ့ အားသားချက် များကြောင့် တစ်နှစ်ထက် တစ်နှစ် ကုန်သွယ်မှု ပိုမို တိုးတက် ဆောင်ရွက်နိုင် ခဲ့ကြောင်းလည်း သိရပါတယ်။

ယခုအခါ ပို့ကုန် အပြင် ပြည်တွင်း လိုအပ်သော သွင်းကုန် ပစ္စည်း များကိုလည်း ယခင်ကထက် ပိုမို တင်သွင်း လာကြောင်း၊ ဘဏ္ဍာနှစ် ဆန်းပိုင်တွင် သွင်းကုန် တန်ဖိုး (၁)လ ပျမ်းမျှ အမေရိကန် ဒေါ်လာ (၂)သိန်းကျော် ရှိခဲ့ရာမှ ဇန်နဝါရီ လတွင် သွင်းကုန် ဒေါ်လာ (၃.၅)သန်း ကျော်ဖိုးထိ ပိုမို တင်သွင်း လာကြောင်း၊ အများဆုံး သွင်းကုန် ပစ္စည်းများမှာ အချိုမှုန့်၊ စားသုံးဆီ၊ ပဲပုတ်ဆီ၊ ဓါတ်မြေသြဇာ၊ သွပ်နန်း ကြိုးခွေ၊ စက်ပစ္စည်းများ၊ ဖိနပ်နှင့် ဆံပင် ဆိုးဆေး တို့ဖြစ်ပြီး ဒေသခံ ကုန်သည်များ အနေဖြင့် ယခင်က ဒေသတွင်း ရောင်းဝယ်မှုသာ ရှိခဲ့သော်လည်း ယခုအခါမှာ လားရှိုး- မန္တလေး မြို့ကြီးများရှိ ကုန်သည် များနှင့် ချိတ်ဆက်ပြီး ရောင်းဝယ်မှု ရှိလာသဖြင့် ကုန်သွယ်မှု တစ်နှစ်ထက် တစ်နှစ် တိုးတက် လာပြီး ဖြစ်ကြောင်း သတင်း ရရှိပါသည်။

အိုပါး (ချင်းရွှေဟော်)