ITC (Individual Trading Card) ကဒ်နဲ့ လမ်းကြောင်းမှန်

အင်္ဂါနေ့ ၂၂ ဇန်နဝါရီလ ၂၀၁၃ 11:50 PM

တမူး နယ်စပ် ကုန်သွယ်ရေးတွင် ITC ကဒ်များ ထုတ်ပေးပြီး နောက်ပိုင်း ၂၀-၁-၂၀၁၃ ထိ တစ်နိုင် တစ်ဆွဲ ပစ္စည်းများ ဖြစ်သော အလှ ကုန်မျိုးစုံ၊ လူသုံး၊ အိမ်သုံး ပစ္စည်းများကို တရားဝင် ကုန်သွယ်မှု ပြုလုပ် နေကြပြီဖြစ် ပါတယ်။ လမ်းကြောင်းမှန် ပေါ်သို့ အပြည့်အဝ မရောက်သေးသော်လည်း OSS အဖွဲ့ ဌာန ဆိုင်ရာများမှ Mobile Team ဖွဲ့ကာ အခွန်ဆောင် သယ်ယူအောင် စည်းရုံးခြင်း၊ လုပ်ငန်း နားမလည်သူများအား လိုင်စင် လျှောက်ထားခြင်း၊ ဂျူတီ ဆောင်ခြင်း၊ ယာဉ် စစ်ဆေးခြင်း တို့ကို စနစ်တကျ ဆောင်ရွက ်တတ်စေရန် စေတနာထား ကူညီ ပေးမှုကြောင့် ယခင် အကောက်ခွန်မဲ့ သွားလာနေသော ပိတ်စ အပွင့်ဖော်သည့် လက်ရေး ဆိုးဆေးဗူး (3D Outliner) အဝတ်စတွင် ဘော်ကြယ်များ ကပ်သည့် (3D Glue) စသည့် အိမ်တွင်းမှု လုပ်ငန်းသုံး ပစ္စည်းများ၊ ဆံပင် ပေါင်းဆေး၊ ခေါင်းလိမ်းဆီ စသည့် အလှကုန်များ၊ ဒစ္စကို ရွှေလက်ဝတ် ရတနာမျိုးစုံတို့ အပါအဝင် အရည် အသွေးစုံ အိန္ဒိယ နိုင်ငံထုတ် အဝတ် အထည်များကို ITC နဲ့တင်သွင်း လာနေကြပြီ ဖြစ်ကြောင်း အသိပေး လိုက်ရပါတယ်။

စမ်းစမ်းအေး (တမူး)