မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်း ထုတ်နုတ် အင်အားဖြင့် စားသုံးသူ အကာအကွယ် ပေးရေးနဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အတွက် တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေး ဆောင်ရွက်နေပြီ

ဗုဒ္ဓဟူးနေ့။ ၁၆  ဇန်နဝါရီလ ၂၀၁၃ 16:10 PM

မြိတ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ တရားမဝင် ကုန်ပစ္စည်းများ တင်ပို့ တင်သွင်း ခြင်းကို အရေးယူ ဆောင်ရွက် နိုင်ရန် စားသုံးသူ အကာ အကွယ် ပေးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေး အတွက် တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေး (Mobile Team) ထုတ်နုတ် အင်အား အဖွဲ့ဟာ ဇန်နဝါရီလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့ များမှာ ကျောက်ဖျာ အထူးဆိပ် ကျေးရွာရှိ ပြည်တန် တံတားနဲ့ ဂိုဒေါင်များ၊ ဦးကျောက်စိမ်း တံတားနဲ့ ဂိုဒေါင်များ၊ ဖိုးလမင်း တံတားနဲ့ ဂိုဒေါင်များ၊ မြိတ်မြို့ Check Point တံတား၊ လင်းထူးအောင် (၁) ရေယာဉ်၊ ခိုင်ခိုင်လင်း ရေယာဉ်၊ ငွေဇင်ယော် ၁၁၅ ရေယာဉ် များကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ် ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ (Mobile Team) အဖွဲ့ဟာ ကုန်သွယ်မှု လမ်းကြောင်း မှန်ပေါ် ရောက်ရှိ စေရန် ပညာပေး ဆွေးနွေးခြင်း၊ လိုအပ်ချက်များ မှာကြား ခြင်းတို့ ဆောင်ရွက်ခဲ့ တယ်လို့သိရ ပါတယ်။

ငွေဇင်ယော် ၁၁၅ ရေယာဉ်တွင် လိုင်စင်ဖြင့် သယ်ဆောင် လာတဲ့ ဒီဇယ်ဆီနဲ့ သံချောင်းများ၊ လင်းထူးအောင် (၁) ရေယာဉ်မှာ လိုင်စင်ဖြင့် သယ်ဆောင် လာတဲ့ ဘိလပ်မြေနဲ့ ကြက်စာ အိတ်များ၊ ခိုင်ခိုင်လင်း ရေယာဉ် မှာလည်း လိုင်စင်နဲ့ သယ်ဆောင် လာတဲ့ ဘီစကစ် အထုပ်များနဲ့ ဘိလပ်မြေ အိတ်များကို စစ်ဆေးတွေ့ ရှိခဲ့ရပြီး တရားမဝင် သယ်ဆောင်မှု များကို မတွေ့ရှိ ရဘူးလို့ မြိတ် ယ်စပ်ကုန်သွယ်ရေး စခန်းမှ သတင်း ရရှိပါတယ်။

Source: နကသ (မြိတ်)   ချမ်းမြေ့မောင်