ဒီဇင်ဘာလ မြဝတီ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သန်း ၄ဝ နီးပါး ဆောင်ရွက်နိုင်

ဗုဒ္ဓဟူးနေ့။ ၁၆  ဇန်နဝါရီလ ၂၀၁၃ 14:30 PM

မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းကို ၁ နှစ်ကျော်ခန့် ပိတ်ထား ခဲ့ရာမှ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလမှာ ပြန်လည် ဖွင့်လှစ်ခဲ့ရာ ယခုအခါ တစ်နှစ်ကျော် ကာလ ရှိလာပြီ ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလမှာ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၂ ဒသမ ၄ သန်း ရရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလမှာ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာသန်း ၄ဝ နီးပါး ဆောင်ရွက်နိုင် ခဲ့တယ်လို့ ဒီဇင်ဘာလ ၃ဝ ရက်နေ့က မြဝတီ ကုန်သွယ်ရေး ဇုန် အစည်း အဝေး ခန်းမမှာ ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ VOT ဒေါ်လာသန်း ၄ဝ တက်လာ ခြင်းအား Consumption ကြောင့် မဟုတ်ကြောင်း၊ Consumption မှာ ယခင် အတိုင်းပင် ဖြစ်ကြောင်း၊ တစ်ဖက် နိုင်ငံရဲ့ Commodity Folw Cash Flow မှာ ယခင် အတိုင်းပင် ဖြစ်ကြောင်း အဓိက VOT ဒေါ်လာသန်း ၄ဝ အထိ တက်လာခြင်းဟာ Consumption ကြောင့် မဟုတ်ကြောင်း၊ ပြည်တွင်း Consumption မှာ ယခင် အတိုင်းပင် ဖြစ်ကြောင်း၊ တစ်ဖက် နိုင်ငံရဲ့ Commodity Folw Cash Flow ယခင် အတိုင်းပဲ ရှိနေကြောင်း၊ အဓိက VOT တက်လာ ရခြင်းမှာ သက်ဆိုင်ရာ ကုန်သည်များ လမ်းကြောင်း မှန်ပေါ် ရောက်ရှိ လာတဲ့ အတွက်သာ ဖြစ်တယ်လို့ ဦးရန်နိုင်ထွန်းက အသိပေး ပြောကြားခဲ့ ပါတယ်။

ယခုလို ကုန်သွယ်မှု ပမာဏ သိသိ သာသာ တက်လာခြင်းမှာ OSS ဌာန ဆိုင်ရာများ၊ အသင်း အဖွဲ့များ၊ ကုန်သည် လုပ်ငန်းရှင်များ လိုက်ပါ ပူးပေါင်း ဆောင်ရွက် ခဲ့တဲ့ အတွက်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။ ကုန်သည် လုပ်ငန်းရှင်များ တရားဝင် လမ်းကြောင်းပေါ် ရောက်ရှိလာ သကဲ့သို့ တရားမဝင် ကုန်သွယ်မှုများ အထိုက် အလျောက် လျော့နည်း သွားတာကို တွေ့ရှိနေ ရကြောင်း၊ တရားမဝင် ကုန်သွယ်မှု လျော့နည်း သွားပြီး တရားဝင် ကုန်သွယ်မှု မြင့်မား လာတာ နဲ့အမျှ နိုင်ငံတော် အတွက် ရသင့် ရထိုက်တဲ့ အခွန် အခများ ပိုမို ရရှိလာ မယ်လို့ ပြောကြားခဲ့ ပါတယ်။

ကုန်သွယ်မှု ဆောင်ရွက် ရာမှာ အခက်အခဲများ ရှိပါက ယနေ့ အစည်းအဝေးမှာ တင်ပြ ဆွေးနွေး ပေးစေ လိုကြောင်း၊ ဆွေးနွေးချက်ပေါ် မူတည်ပြီး တက်ရောက် လာကြတဲ့ OSS ဌာန ဆိုင်ရာများ၊ ဒေသ အာဏာပိုင်၊ ဒေသ အုပ်ချုပ်ရေး အဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့မှ တာဝန်ရှိသူ များက ပူးပေါင်း ညှိနှိုင်း ဆွေးနွေး အဖြေရှာ ဆောင်ရွက် ပေးသွား မယ်လို့ ဦးရန်နိုင်ထွန်းက အသိပေး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ပို့ကုန်များမှာ မြေပဲဆံ၊ ငရုတ်သီး ခြောက်၊ ငါးမျိုးစုံ၊ ငစိန်ဆန် ၂၅ မှတ်၊ စူပါ ကော်ဖီမစ်၊ နနွင်းတက်၊ ပုစွန်၊ မြေပဲ၊ နှမ်းညို၊ သီဟိုဠ်စေ့၊ ကွမ်းသီး၊ ပြောင်းဖူးစေ့၊ ဂျင်းခြောက်၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ခေါက်ဆွဲ ခြောက်၊ နှမ်းနက်၊ ဧည့်မထ ၂၅ မှတ်၊ ကဏန်း အရှင်တို့ တင်ပို့ ခဲ့ပါတယ်။ သွင်းကုန်များမှာ ယာဉ်နှင့် ယာဉ်ယန္တရား ပစ္စည်းများ၊ ဘိလပ်မြေ၊ စက်နှင့် စက်အပို ပစ္စည်းများ၊ ဆိုင်ကယ် အပို ပစ္စည်းများ၊ စက်ဘီး အပို ပစ္စည်းများ၊ စက်သုံး ဆီ၊ အိမ်သုတ် ဆေး၊ အင်ဂျင်ဝိုင်၊ ပလပ်စတစ် ကုန်ကြမ်း ပစ္စည်း၊ စားသောက်ကုန်၊ အချိုရည်၊ စားအုန်းဆီ၊ မီးဖိုချောင်သုံး စတီး ပစ္စည်းများ၊ အလှကုန်နဲ့ သွားတိုက်ဆေး တို့ ဖြစ်ကြ ပါတယ်။

Source: နကသ(မြဝတီ) မောင်မြဝတီ