နယ်စပ်ကုန်သွယ်ရေး (တမူး) အဖွဲ့ရဲ့လှုပ်ရှားမှု

ဗုဒ္ဓဟူးနေ့။ ၁၆  ဇန်နဝါရီလ ၂၀၁၃ 08:35 AM

နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန၊ တမူး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ ထုတ်နုတ် အင်အားဖြင့် ဖွဲ့စည်း ထားသော Mobile Team အဖွဲ့ဟာ စားသုံးသူ အကာ အကွယ် ပေးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေးနဲ့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေးတို့ အတွက် တမူး- ကလေး ကား လမ်းမ ပေါ်ရှိ နမ့်မွန်တား ရွာမှာ မော်တော် ယာဉ်များ၊ ဆိုင်ကယ်များအား စစ်ဆေး ရှာဖွေမှု ပြုလုပ်ခဲ့ ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ ၁၀းဝ၀ နာရီခန့်မှာ အများ ပြည်သူ စားသုံးရန် မသင့်တဲ့ အိန္ဒိယ နိုင်ငံလုပ် ကွမ်းပေါင်း အထုပ်ကြီး (၄၀) ထုပ်နဲ့ အကောက်ခွန်မဲ့ သယ်ဆောင် လာတဲ့ အိန္ဒိယ ပုဆိုး (၁၂၅) ထည်၊ ဆိုင်ကယ် ဖောက် (၈၀) ချောင်းနဲ့ ဘက်စုံသုံး Bonfix ကော်တောင့် (၂၅၀) တောင့် စုစုပေါင်း ခန့်မှန်း တန်ဖိုးကျပ် ၂၄ သိန်းကျော် သိမ်းဆည်း ရမိခဲ့ ပါတယ်။ ကွမ်းပေါင်း အထုပ်များအား အမှု ဖွင့်လှစ် သိမ်းဆည်း ထားခဲ့ပြီး ပုဆိုး၊ ဆိုင်ကယ် ဖောက်နဲ့ ကော်တောင့် များအား လိုင်စင် လာရောက် လျှောက်ထား ပါက လိုင်စင် ပြုလုပ် အခွန်ပေးဆောင် စေကာ ပြန်လည် ထုတ်ပေးသွား မယ်လို့ သတင်း ရရှိပါတယ်။

လှဋ္ဌေး (တမူး)