တာချီလိတ်နဲ့ စစ်တွေဒေသ ဆန်ဈေး အတက်အကျရှိပြီး ကျန်ဒေသ ဆန်ဈေးများ တည်ငြိမ် လျက်ရှိ

တနင်္လာနေ့ ။ ၁၄  ဇန်နဝါရီလ ၂၀၁၃ 11:59 AM

နယ်စပ် ကုန်သွယ်ရေး စခန်းများ အနက် တာချီလိတ်နှင့် စစ်တွေ နယ်စပ်ဒေသရှိ ဆန်ဈေးများ အတက်အကျ အနည်းငယ် ရှိလာတာကို တွေ့ရပြီး ကျန်စခန်း အသီးသီးတွင် ယခင် အပတ် ဈေးနှုန်း အတိုင်း ပြောင်းလဲမှု မရှိဘဲ တည်ငြိမ် နေဆဲဖြစ်ကြောင်း သိရပါတယ်။ ယခု တစ်ပတ်တွင် တာချီလိတ် နယ်စပ်မှ ဆန်ဈေး အနည်းငယ်တက် လာတာကို တွေ့ရပြီး စစ်တွေ နယ်စပ်တွင် ဈေးပြန်ကျ လာကြောင်းသိရှိ ရပါတယ်။ ကျန်နယ်စပ် စခန်းများ ကတော့ ယခင် အပတ်က ဈေးနှုန်းအတိုင်း ပြောင်းလဲမှု မရှိသေးပါဘူး။ တာချီလိတ် နယ်စပ်မှ ယခင် အပတ်က ဧည့်မထ ဆန် ၁ ပြည်ကို ၈၅ဝိ/- ဈေးရှိခဲ့ရာမှ ယခု အပတ်မှာ ၈၅၃/-သို့ အနည်းငယ် တက်လာခဲ့ ပါတယ်။ စစ်တွေ နယ်စပ်မှာ ယခင် အပတ်က ပေါ်ဆန်းမွှေး ၁ ပြည်ကို ၁၁ဝဝိ/- ဈေးရှိခဲ့ရာမှ ယခု အပတ်တွင် ၈ဝဝိ/- သို့ ကျခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ဇန်နဝါရီလ ၂ ရက်မှ ၈ ရက်ထိ နယ်စပ် ဒေသများရှိ ဆန် ၁ ပြည် ဈေးနှုန်း များကို Commerce Journal (www.commerce.gov.mm) Online စာဖတ် ပရိတ်သတ် များအား အသိပေး လိုက်ရ ပါတယ်။ ပေါ်ဆန်းမွှေး ၁ ပြည်ကို မူဆယ်မှာ ၁၆၅ဝိ/-၊ လွယ်ဂျယ် မှာ ၁၇၉၂ိ/-၊ ချင်းရွှေဟော်မှာ ၂ဝဝဝိ/-၊ ကော့သောင်းမှာ ၁၇ဝဝိ/-၊ မြိတ်မှာ ၁၃ဝဝိ/၊ စစ်တွေမှာ ၈ဝဝိ/- ဈေး အသီးသီး ရှိပါတယ်။ ဧည့်မထ ဆန် ၁ ပြည်ကို တာချီလိတ် ဒေသမှာ ၈၅၃ိ/-၊ မြဝတီ ဒေသမှာ ၁၁ဝဝိ/-၊ မောင်တော ဒေသမှာ ၈ဝဝိ/- ဈေးရှိပါတယ်။ ဧရာမင်း ဆန် ၁ ပြည်ကို တမူး နယ်စပ်မှာ ၉ဝဝိ/-နဲ့ ရိဒ် နယ်စပ်မှာ ၉၁ဝိ/- ကျပ် ဈေးအသီးသီး ဖြစ်ကြောင်း သိရပါတယ်။

ဆွေဆွေဝင်း MIRT (DOBT)