တမူးမြို့ရဲ့ လှုပ်ရှားနေသော ကုန်သွယ်မှု

သောကြာနေ့ ။ ၁၁  ဇန်နဝါရီလ ၂၀၁၃ 11:20AM

တမူး နယ်စပ် ကုန်သွယ်မှု ကဏ္ဍမှာ တစ်နိုင် တစ်ပိုင် ကုန်သည် ငယ်များ အတွက် နိုင်ငံတော်မှ ခွင့်ပြုထားတဲ့ Individual Trading Card ဖြင့် ကုန်သွယ် လိုသူများ တဖြည်းဖြည်း များပြား လာနေ ပါတယ်။ တမူးမြို့မှ ဒေသခံ ကုန်သည် အငယ်များ အပြင် ကလေး၊ မုံရွာ ဒေသမှ ကုန်သည် အငယ်များလည်း လာရောက် လုပ်ကိုင် ရောင်းဝယ် နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ထိ ကုန်သွယ်မှု ITC ကတ် လုပ်ဆောင်သူ ၅ဝ ဦး ရှိပြီး ခွင့်ပြု လိုင်စင် စောင်ရေ ၃၄ စောင်၊ ကုန်သွယ်မှု ပမာဏ ကျပ် ၈၃ ဒသမ ၇၈၅ သန်း ဆောင်ရွက် ထားပြီး ဖြစ်ပါတယ်။ သွင်းကုန် အမယ်များ အနေဖြင့် ရွှေရည်စိမ် လက်ကောက်၊ ပလပ်စတစ် လက်ကောက်၊ အိမ်သုံး ကပ်ကြေး၊ ပုဆိုး၊ ပါတိတ်၊ ပိတ်စ၊ စွပ်ကြယ်၊ လက်နှိပ်မီး၊ တီရှပ်၊ ခေါင်းလျှော်ရည်၊ ဒူးစွပ်၊ ဖနောင့်စွပ်နှင့် ဇာဂနာ တို့ကို တင်သွင်း ခဲ့ပြီး ပို့ကုန် အမယ်များ အနေဖြင့် ဒေသထွက ်ပဲပုတ်စေ့၊ ကုလားပဲလုံးဝါ နှင့် မုန်ညင်းစေ့ တင်ပို့ နိုင်ခဲ့ပါတယ်။

စမ်းစမ်းအေး (တမူး)