အရှိန်မရသေးချိန် သည်းခံပေးစေလို

အင်္ဂါနေ့၊ ၀၁ ဇန်နဝါရီလ ၂၀၁၃ 19:30PM

တရားမဝင် ကုန်သွယ်မှုပြုသူများအား အကာအကွယ်ပေးနိုင်ရေး အတွက် Mobile Team အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ Mobile Team အဖွဲ့များ စတင်ဆောင်ရွက်တဲ့ နိုဝင်ဘာလနဲ့ အောက်တိုဘာလ ကုန်သွယ်မှု ပမာဏများကို နှိုင်းယှဉ်လျှင် ဒေါ်လာ ၂၆ သန်းခန့် ပိုမို တိုးတက်လာကြောင်း၊ ပို့ကုန်ပိုင်းမှာ ဒေါ်လာ ၆ သန်းခန့် ပိုမိုမှုဟာ Mobile Team ဆောင်ရွက်မှုကြောင့်လို့ မဆိုသာပေမဲ့ သွင်းကုန်ပိုင်းမှာ ဒေါ်လာ သန်း ၂ဝ ခန့် ပိုမို လာခြင်းကတော့ Mobile Team ကြောင့် ဆိုတာသိသာ ပါကြောင်း၊ မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်း တာဝန်ခံ ဦးဦးဟန်က မူဆယ်မှာ ဒီဇင်ဘာလ အတွက် ကျင်းပတဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ချပြ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှု တားဆီးရေး ဗဟိုကော်မတီ ဖွဲ့စည်းမှုကို နိုင်ငံတော် သမ္မတရုံးမှာ အမိန့်ထုတ်ပြန်ပြီး ဖြစ်တယ်၊ နယ်စပ်စခန်းအားလုံး သင်္ဘောဆိပ်၊ လေဆိပ်စတဲ့ တစ်နိုင်ငံလုံး၊ Port အားလုံးကို နိုင်ငံတော် အစီအစဉ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ တရားဝင် ကုန်သွယ်မှုပြုသူ အားလုံး ဈေးကွက်မှာ ယှဉ်ပြိုင် အသာစီး ရရှိစေရေး အတွက် အကာ အကွယ်ပေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ အရှိန်မရသေး ချိန်မှာ သည်းခံ ပေးစေလိုကြောင်း၊ အရှိန်ရရှိ လာပါက တရားဝင် ကုန်သွယ်မှု ပြုသူများဖက်က အပြည့်အဝ ရပ်တည်ပေး နိုင်မှာ ဖြစ်တယ်လို့ ဦးဦးဟန်က ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို တက်ရောက် လာကြတဲ့ ကုန်သည် လုပ်ငန်းရှင်များကို အသိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Source: နကသ (မူဆယ်) ဂန္ဓမာ