တမူးမှသစ်ခွပင်ခြောက်တင်သွင်း

Tuesday, 25 December 2012 19:15

မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံဘက်မှ သစ်ခွပင်ခြောက်များ တင်သွင်းခွင့် လျှောက်ထားချက် အရ ၂၃-၁၂-၂၀၁၂ ရက်နေ့တွင် ကီလို ၃၅၀ဝ စတင် တင်သွင်းပြီးဖြစ် ပါတယ်။ စုစုပေါင်း တင်သွင်းခွင့် လျှောက်ထားတဲ့ ပမာဏကတော့ ၁၇၄၀ဝ ကီလို ဖြစ်ရာ ကျန်ရှိနေသေးတဲ့ အရေအတွက်များကိုလည်း ဆက်လက် တင်သွင်းသွားမှာဖြစ် ပါတယ်။ သစ်ခွပင်ခြောက်များကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အာဆန်ပြည်နယ်နဲ့ Megeley ပြည်နယ်များမှ ထွက်ရှိပြီး မဏိပူရ်ပြည်နယ် Chanden မြို့မှအများဆုံးထွက်ရှိတယ်လို့သိရှိရပါတယ်။သစ်ခွပင်များဟာ သစ်ပင်ကြီးနဲ့ ကျောက်တုံးကြီးများပေါ်တွင် ပေါက်ရောက်ပြီး သစ်ပင်ကြီးများပေါ်တွင် အများဆုံး ပေါက်ရောက်တာဖြစ် ပါတယ်။ သစ်ခွပင်ခြောက်များကို မြန်မာတိုင်းရင်းဆေးများဖြစ်တဲ့ သွေးသန့်ဆေး၊ အဆုတ်သန့်ဆေးများ ဖော်စပ်ရာတွင် အသုံးပြုကြောင်းနဲ့ တရုတ်နိုင်ငံဘက်ကလည်း ဝယ်ယူမှုရှိတယ်လို့ သိရှိရ ပါတယ်။ သစ်ခွပင်ခြောက်များဟာ တမူး နယ်စပ်ကုန်သွယ်ရေး စခန်းအတွက် အမယ်သစ် သွင်းကုန် တစ်မျိုး ဖြစ်ပါတယ်။

စမ်းစမ်းအေး (တမူး)