Individual Trading Card စနစ်အမြန်အကောင်အထည်ဖော်ပေးရန်လို

Tuesday, 25 December 2012 17:58

မြဝတီမှ ဆင်းလာတဲ့ ကုန်တင်ယာဉ်များ၊ မှန်လုံယာဉ်များမှာ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်း သယ်ဆောင်သူများ များပြားပြီး ၎င်းကုန်သည်ငယ်များမှာ ရန်ကုန်နဲ့ ပဲခူးတိုင်း ဒေသကြီးတို့မှာ နေထိုင်သူများဖြစ်ကြ ပါတယ်။ ကုမ္ပဏီရှိပြီး သူများထံမှ သွင်းကုန် လိုင်စင်/ ဂျူတီ ဝယ်ယူ အသုံးပြုနေရတဲ့ အတွက် စရိတ်စကများ ကြီးမားပြီး နိုင်ငံတော်သို့ ပေးဆောင်ရတဲ့ အခွန်ထက် ပိုမို ကုန်ကျလျက် ရှိနေကြတဲ့ အတွက် အကျိုးအမြတ် ရရှိနိုင်ရေး ရနိုင်သမျှ ပိုမို သယ်ဆောင် လျက်ရှိကြပါတယ်။ Mobile Team အဖွဲ့ရဲ့ စစ်ဆေး တွေ့ရှိချိန်မှသာ ကုန်ပစ္စည်းများ အတွက် လိုင်စင်/ ဂျူတီ ပြန်လုပ်ကြလျက ်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် မြဝတီ- ရန်ကုန် ကုန်သွယ်မှု ပြုလုပ်နေကြတဲ့ ကုန်သည်ငယ်များအား Individual Trading Card (ITC)စနစ် ကျင့်သုံးပြီး ကုန်သွယ်မှု လမ်းကြောင်း ပေါ်သို့ရောက် ရှိလာနိုင်စေရေး အတွက် ITC အား အမြန် အကောင်အထည်ဖော် ဆောင်ပေးရန်နဲ့ ၎င်း ITC အတွက် သွင်းကုန် လိုင်စင် ကြေးအား သင့်တင့်တဲ့ နှုန်းထားကို လျှော့ချ ပေးခြင်းအားဖြင့် ကုန်သွယ်မှု လမ်းကြောင်း ပေါ်သို့ ပိုမို ရောက်ရှိ လာနိုင်မယ်လို့ Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက Commerce Journal ကိုပြောကြားခဲ့ပါတယ်။

Source: (လရ-၂)ဂန္ဓမာ