Mobile Team ကြောင့် မြဝတီကုန်သွယ်မှုများမြင့်တက်လာ
Tuesday, 25 December 2012 17:46
ြမဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းရှိ Mobile Team အဖွဲ့ ၂ နဲ့ စစ်ဆေးမှုကို နိုဝင်ဘာလ ၂၀ ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိ ပါတယ်။ သစ်သီးမျိုးစုံ သယ်ဆောင်ခွင့် ရရှိရေး ညှိနှိုင်းပေးခြင်း၊ အထက်ဌာနသို့ တင်ပြ ခွင့်ပြုချက် တောင်းခံခြင်း၊ သွင်းကုန် လိုင်စင်၊ အကောက်ခွန် သွင်းကုန် ကြေငြာလွှာ ID ပါပစ္စည်းနဲ့ ယာဉ်ပေါ်ပါ ကုန်ပစ္စည်း အမယ်လွဲမှုများ အတွက် ထိထိ ရောက်ရောက် တားဆီးမှုများကို နေ့ရော ညပါ ပြင်းပြင်း ထန်ထန် စစ်ဆေး ဆောင်ရွက်ခြင်း၊သွင်းကုန် ယာဉ်များမှာ သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းများ စာရင်းကို အသေးစိတ် လုပ်ဆောင် လာရန် ယာဉ်မောင်းနဲ့ ယာဉ် ကိုယ်စားလှယ်များအား စဉ်ဆက်မပြတ် ပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိရာ မြဝတီ နယ်စပ်ကုန်သွယ်မှု ပမာဏများ တိုးတက် လာလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။ အောက်တိုဘာလမှာ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၁၉ သန်းကျော် ရှိရာမှ ယခု နိုဝင်ဘာလမှာ ကန်ဒေါ်လာ ၂၉ သန်းထိ ဆောင်ရွက် လာနိုင်တဲ့ အပြင် ဒီဇင်ဘာလမှာ ၁၉ ရက်နေ့ထိ ကန်ဒေါ်လာ ၂၃ သန်းကျော် ဆောင်ရွက် လာနိုင်တာ တွေ့ရပါတယ်။
တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ပြီး ဈေးကွက် အတွင်း တရားမျှတသော ယှဉ်ပြိုင်မှုများ ဖြစ်ပေါ် လာစေရန် အတွက် Individual Trading Card စနစ်အား မြဝတီ နယ်စပ်တွင် ကျင့်သုံးခွင့်၊ မြန်ဆန်စွာ ခွင့်ပြုရေး၊ သစ်သီးဝလံ နှင့် ဟင်းသီး ဟင်းရွက် တင်သွင်းမှုများ အတွက် မိမိနိုင်ငံတွင် ထွက်ရှိချိန် မဟုတ်သော ကာလများမှာ တင်သွင်းခွင့်ပြုရေး၊ သွင်းကုန် လိုင်စင် ထုတ်ပေးတဲ့ အခါ သွင်းကုန် ပစ္စည်း အမျိုးအစား အလိုက် တံဆိပ်၊ မော်ဒယ်၊ ထုထည် ပမာဏ၊ ထုတ်ပိုး စားရင်းများ ပြည့်စုံစွာ ဖော်ပြပေးရန် လိုအပ်ကြောင်းနဲ့ ခွင့်ပြုထားတဲ့ သွင်းကုန် ပစ္စည်းများ စာရင်း၊ လိုင်စင် ဈေးနှုန်းများကို နယ်စပ်ကုန်သွယ်ရေး စခန်းအလိုက် ကြော်ငြာ သင်ပုန်းနဲ့ ကြော်ငြာ ပေးခြင်း၊ ဌာနရဲ့ Website မှာ ထည့်သွင်း ကြေငြာ ပေးခြင်းနဲ့ နယ်စပ် စခန်းရှိရာ မြို့နယ်၊ တိုင်းကုန်သွယ် လယ်ယာ ရုံးများသို့ ပေးပို့ ကြော်ငြာ ထားခြင်းဖြင့် ကုန်သည်များ ပြည်သူများ ထင်သာ မြင်သာရှိအောင် ဆောင်ရွက်ပေးထား သင့်တယ်လို့ Mobile Team အဖွဲ့က သုံးသပ် အကြံပြု ပြောကြားလျက်ရှိ ပါတယ်
Source: (လရ-၂) DOBT-MIRT