အိန္ဒိယနယ်စပ်မှ Individual Trading Card ကဒ်အသုံးပြုပြီး ရွှေရည်စိမ်လက်ကောက်များတင်သွင်း

မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှာ တစ်နိုင်တစ်ဆွဲ ရောင်းဝယ်နေသူများ၊ ကုန်သည်အငယ်စား၊ အလတ်စားများ လုပ်ငန်းအဆင်ပြေချောမွေ့စေရန်၊ တရားမဝင် ကူးသန်း ရောင်းဝယ်မှု လျော့နည်း ပပျောက်စေရန်နဲ့ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် ရည်ရွယ်ပြီး တစ်ဦးချင်း ထုတ်ကုန်/သွင်းကုန် မှတ်ပုံတင်ကဒ် Individual Trading Card များ ပြုလုပ်ပေးလျက် ရှိပါတယ်။ ယခု Individual Trading Card ကဒ်ဖြင့် တမူးနယ်စပ်ကုန်သွယ်ရေးမှ ပထမဆုံးတင်သွင်းလာတဲ့ ကုန်ပစ္စည်းကတော့ အိန္ဒိယမှ ထွက်ရှိတဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၀၃ သန်းတန်ဖိုးရှိ ရွှေရည်စိမ် လက်ကောက် ၅၀ဝ ကီလိုခန့်ဖြစ်ပါတယ်။ လာမဲ့ အပတ်များမှာလည်း ဒေသခံရောင်းဝယ်နေသူများဟာ Individual Trading Card ကဒ်များပြုလုပ်ပြီး လူသုံး အိမ်သုံးပစ္စည်းများ၊ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ ဖိနပ်များတင်သွင်းသွားမယ်လို့ သတင်းရရှိ ပါတယ်။

ခင်မိုးသူ (MIRT-DOBT)