ဝိသမလောဘနောက်ကွယ်မှတရားခံများ

     တရုတ်၊ အိန္ဒိယ၊ ထိုင်းနယ်စပ်မှ တင်သွင်းလာသော ကုန်ပစ္စည်းများကို ရန်ကုန် ၊ မန္တလေးမြိ့ုကြီးများရှိ အရောင်း အဝယ် ပြုလုပ်သူများမှ တိုက်ရိုက် ဝယ်ယူခြင်း မရှိဘဲ ကုမ္ပဏီ အမည်ခံ လုပ်ငန်းရှင်များက တဖက်နိုင်ငံသို့ ဆက်သွယ်ဝယ်ယူနေကြ ပါတယ်။ မြိ့ုပေါ်ကရောင်းဝယ်လျက်ရှိတဲ့ လုပ်ငန်းရှင်များဟာ ကုမ္ပဏီထူထောင်ခြင်း၊ ကိုယ်တိုင်တင်ပို့၊ တင်သွင်းခြင်း မပြုလုပ်ဘဲ နယ်စခန်းများမှာ ကုမ္ပဏီထူထောင် ထားတဲ့ နယ်စပ်ကုန်သွယ်ရေးကုန်သည်များ၊ တရားမဝင်သယ်ဆောင်နေတဲ့ ကူးသန်းရောင်း ဝယ်သူများထံ ပစ္စည်းအပ်နံှ သယ်ဆောင်စေ ပါတယ်။ အဲဒီလို ကုန်ပစ္စည်းများကိုအပ်နံှသယ်ဆောင်ရာမှာ Duty လိုင်းနဲ့ တရားမဝင် လိုင်းတွေကိုသယ်ဆောင်ခဈေး အဆမတန် လျော့ပေးပြီးဈေးပြိုင်သဘောနဲ့ အဖိုးအခ သက်သာစွာ ရရှိရေးကို ဦးတည်ဆောင်ရွက် နေတာဖြစ်ကြောင်းတွေ့ရှိ ရပါတယ်။ အဲဒီလို သယ်ဆောင်ခတွေ ဈေးပြိုင်လျော့ချခြင်းကြောင့် ပစ္စည်းအပ်နံှသူများမှာ ဈေးလျော့ချ သယ်ဆောင်ပေးတဲ့ သူများကို ပစ္စည်း အများအပြားအပ်နံှခဲ့ပါတယ်။ အဲဒီလိုပစ္စည်းများကို တရားမဝင်သယ်ဆောင်တဲ့ အတွက် နိုင်ငံတော်မှ အခွန်အခများရရှိခြင်း မရှိတဲ့အပြင် စားသုံးသူ များမှာ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံး ရပြီး ကိုယ်ကျိုးရှာ ကုန်စည် ရောင်းဝယ်ဖောက်ကားသူများသာ အကျိုးအမြတ် များစွာရရှိလျက်ရှိပါတယ်။ သယ်ယူ ပို့ဆောင်ရေး ဆောင်ရွက်နေတဲ့ကုမ္ပဏီများ၊ တရားမဝင် သယ်ဆောင်သူ များမှာတော့ ထိုက်တန်တဲ့ အကျိုးအမြတ် မရရှိတာ တွေ့ရပါတယ်။ ကုန်ပစ္စည်းများအား မိမိအကျိုး စီးပွား ဦးထိပ်ထားပြီး အမည်မခံရောင်းဝယ် ဖောက်ကားနေသူများရဲ့ ဝိသမလော ဘကြောင့် ကုန်ပစ္စည်း သယ်ယူ ပေးနေရသောကုမ္ပဏီများ၊ တရားမဝင် သယ်သူများဟာနည်းမျိုးစုံဖြင့် အခွန်များအား ရှောင်လွဲှတဲ့ သူများဖြစ်နေကြရပါတယ်။ တရားမဝင်တင်သွင်းမှုများ ရှိလာတာနဲ့အမျှ ပြည်သူလူထုရဲ့ စားသုံးသူဈေးကွက်အတွင်းမှာလဲ အရည်အသွေးမမီတဲ့ ကုန်ပစ္စည်း များ ရောက်ရှိစားသုံးနေရပါတယ်။ လူတစ်စုရဲ့ဝိသမလောဘနောက်ကွယ်မှာ ခံစားနေ ရတဲ့ သားကောင်များဘဝကို ထင်ဟပ် တင်ပြလိုက်ပါတယ်။

 

အောင်သူရ (လဂ) 7.12.2012