အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပိုမိုဆောင်ရွက်နိုင်တဲ့ မြဝတီနယ်စပ်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းဟာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ပြီးလျှင် ဒုတိယနေရာမှာရှိနေတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်ပါတယ်။ အောက်တိုဘာလမှာမြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းဟာ ပို့ကုန်ကန်ဒေါ်လာ ၇ သန်းကျော်၊ သွင်းကုန်ကန်ဒေါ်လာ ၁၁ သန်းကျော်ဆောင်ရွက် နိုင်ခဲ့ရာ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၁၉ သန်းကျော်ရရှိခဲ့ပါတယ်။ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အောက်တိုဘာလ အများဆုံးပို့ကုန် တွေကတော့ ဆန်ကွဲ၊ ငြုပ်သီးခြောက်၊ မြေပဲ၊ ရေငန်ငါး၊ ကြက်သွန်နီ၊ ဆေးရွက်ကြီး၊ ရေခိုျပုစွန်၊ ကဏန်းအရှင်၊ နှမ်းနက်၊ သီဟိုစေ့ (အခွံမပါ)၊ သဲကဏန်း၊ နှမ်းနီ၊ ငါးရှဉ့်အရှင်၊ နနွင်းတက်၊ ဇီယာ ၂၅ မှတ်တို့ဖြစ်ပြီး အများဆုံးသွင်းကုန်တွေကတော့ ပြန်လည်ပြုပြင်ပြီး လိုက်ထရပ် (Toyota, Mazada) အချိုရည်၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ Liteace ၊ Hino ၊ Dump Truck ၊ Premover Head ၊ ဘီစကစ်၊ အလှကုန်ပစ္စည်းများဖြစ်ပါတယ်။
အနီးစပ်ကာလနဲ့နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းမှာ ဆန်ကွဲ၊ ငြုပ်သီးခြောက်၊ မြေပဲနဲ့ နှမ်းနက်တို့ အပို့ပိုခဲ့ ပါတယ်။ သွင်းကုန်ပိုင်းမှာ ရင်းနှီးမြုပ်နံှမှုပစ္စည်းများဖြစ်တဲ့ လယ်ယာသုံးနောက်တွဲယာဉ်နဲ့ အခြားယာဉ်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ၊ ဝါယာကြိုးများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်ဘီး အပိုပစ္စည်းများတင်သွင်းမှုပိုမိုခြင်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများအုပ်စုတွင် ရေနံထွက်ပစ္စည်းများ၊ ဓာတု ဗေဒပစ္စည်းများ၊ ဓါတ်ဆားဆိုးဆေးများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများတင်သွင်းမှုပိုမိုခြင်း၊ လူသုံးကုန်ပစ္စည်း အုပ်စုမှာ လျှပ်စစ်မီးသီးနဲ့ မီးချောင်းများ၊ နို့ဆီ၊ အခိုျမှုန့်၊ စားအုန်းဆီ၊ ဆေးဝါးပစ္စည်းများနဲ့ ဆပ်ပြာစသည်တို့ ပိုမိုတင်သွင်းမှုရှိခဲ့ပါတယ်။
ယမန်နှစ်ကာလတူမှာတော့ မြန်မာ-ထိုင်းနှစ်နိုင်ငံဆက်သွယ်တဲ့ချစ်ကြည်ရေးတံတားကို ၂ဝ၁ဝ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်မှ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်ထိ ၁ နှစ်နဲ့ ၄ လကျော်ပိတ်ထားခဲ့တဲ့အတွက် ကုန်သွယ်မှု ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။
လယ်ယာထွက်ကုန်လိုင်စင်များ အချိန်နဲ့တပြေးညီခွင့်ပြုခြင်း၊ ရေထွက်ကုန်ယာဉ်ငယ်များအား တရားဝင် သယ်ဆောင်မှုရှိလာစေရန် ငါးလုပ်ငန်းဦးစီးဌာနနဲ့ညိုနှိုင်းပေါင်းစပ်ပြီးတင်ပို့စေခြင်း၊ ပို့ကုန်သွင်းကုန်အခိုျ့ကို မြန်မာ ကျပ်ငွေဖြင့် ဖြေလျော့ဆောင်ရွက်ခွင့်ပြုခြင်း၊ စက်သုံးဆီတင်သွင်းမှုကိုသွင်းကုန်လိုင်စင်ဖြင့်ဆောင်ရွက်စေခြင်း၊ စားသောက်ကုန်များကို FDA ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်ပြုခြင်းတို့အပြင် (OSS)အဖွဲ့ဝင်ဌာနများ၊ ဒေသဆိုင်ရာ အုပ်ခုျပ်ရေးအဖွဲ့၊ ဆက်စပ်ဌာနများ၊ ကုန်သည်လုပ်ငန်းရှင်များနဲ့ညှိနှိုင်းပေါင်းစပ်ပြီး ဝိုင်းဝန်းဆောင်ရွက်တဲ့အတွက် ကုန်သွယ်မှုများတိုးတက်မှုရရှိလာတာဖြစ်ပါတယ်။
(Source : နကသ (မြဝတီ) (ချမ်းမြေ့မောင်)