မောတောင်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်/သွင်းကုန် ကုန်သွယ်နိုင်မှု အခြေအနေ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ( ၂၀ ) ရက်နေ့မှ ( ၂၁ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၄၁၉) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၆၇) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၄၈၆)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ( ၂၀ ) ရက်နေ့မှ ( ၂၁ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၆၁.၉၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၇၁)သန်း၊ ဂျင်းခရု (အရှင်) (၇.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၉)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၂.၇၅) တန်၊ တန်ဖိုးကန် ဒေါ်လာ(၀.၀၁၀၅)သန်း၊ ဂဏန်း(အသေ)(၁.၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၉)သန်း၊ ရေခူဆားနယ်  (၁၂.၈)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၂၄၈)သန်း၊ ကျောက်ပုဇွန် (အရှင်)(၀.၃၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၈၁)၊ ငှက်ပျောသီး(၆၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၈၄)သန်း၊ ငရုတ်သီးစိမ်း(၈.၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၈)သန်း၊ ကြက်သွန်နီ (၁၁၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၃၄)သန်းတင်ပို့နိုင်ခဲ့ ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၃)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈)သန်း၊ ပုစွန်သားပေါက် အကောင်ရေ(၁)သန်း၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၉)သန်း ဖြစ်ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁) တန် ဈေးနှုန်း မှာ - ငါးမျိုးစုံ (၁၂၄၄.၁၅) ဒေါ်လာနှုန်း၊ (၆၁.၉၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၇၁)သန်း၊ ဂျင်းခရု (အရှင်) (၁၅၃၅.၂၁) ဒေါ်လာနှုန်း၊ (၇.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၉) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၈၁၈.၁၈) ဒေါ်လာနှုန်း၊ (၂.၇၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၅) သန်း၊ ဂဏန်း (အသေ) (၁၁၈၇.၅) ဒေါ်လာနှုန်း၊ (၁.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉) သန်း၊ ရေခူဆားနယ် (၁၉၃၇.၅) ဒေါ်လာနှုန်း၊ (၁၂.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄၈) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၇၆၉.၂၃) ဒေါ်လာနှုန်း၊ (၀.၃၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၁) သန်း၊ ငှက်ပျောသီး (၃၀၆.၆၇) ဒေါ်လာနှုန်း၊ (၆၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈၄)သန်း၊ ငရုတ်သီးစိမ်း (၇၉၀.၇) ဒေါ်လာနှုန်း၊ (၈.၆) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၆၈)သန်း၊ ကြက်သွန်နီ(၇၄၄.၆၄)ဒေါ်လာနှုန်း၊ (၁၁၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၈၃၄)သန်း ဖြစ်သည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ - သစ်သီး (၂၆၆.၆၇) ဒေါ်လာနှုန်း၊ (၃)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈)သန်း၊ ပုစွန်သားပေါက် အကောင်ရေ (၁)သန်းလျှင် (၅၉၁၅) ဒေါ်လာနှုန်း၊ (၁)သန်း U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၉) သန်း၊ ဖြစ်ပါသည်။

              မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း၏ ကျပ်၊ ဘတ် ငွေလဲနှုန်း

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၀-၁၁-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၄၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၆.၁၅) ကျပ်ခန့်ရှိပါကြောင်း နှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။