မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့/ သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်နေ့

               မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့မှ စက်တင်ဘာလ (၁၉)ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သားတစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၁၄.၄) တန် ၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း၊ငါးမှုန့်တစ်တန်လျှင် (၉၁၁) ဒေါ်လာနှုန်းဖြင့် (၆၄၅) တန် ၊ တန်ဖိုး (၀.၅၈၈) ဒေါ်လာသန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး(၀.၆၁၄) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့် ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့ နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေး  စခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

            မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်စက်တင်ဘာလ (၁၈)ရက်နေ့မှ စက်တင်ဘာလ (၁၉) ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှု ပုဇွန်စာ တစ်တန်လျှင်ဒေါ်လာသန်း(၂၉၇) ဒေါ်လာနှုန်းဖြင့် (၁၈၀) တန် ၊ တန်ဖိုး (၀.၀၅၃) တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပသည်။