မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့

               မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၁၆-၉-၂၀၂၃) ရက်နေ့မှ (၁၈-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများ ဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ကွမ်းသီးခြောက်၊ ကော်ဖီစေ့၊ သံပယိုသီး၊ ရေထွက်ပစ္စည်း ဖြစ်သည့်  ငါးကြင်းဆီဖောင်း၊ တွင်းထွက်ပစ္စည်းများဖြစ်သည့် ခဲ/ သတ္တုများနှင့် CMP ပစ္စည်းများကို တင်ပို့ ခဲ့သည်။ 

              (၁၆-၉-၂၀၂၃) ရက်နေ့မှ (၁၈-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီနှင့် CMP ပစ္စည်းများဖြစ်သည်။

              ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအားမြှင့်တက်နေ၍ လတ်တ လောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့သည်။

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်း စစ်ဆေး မှုများ တွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိသည်။

              (၁၆-၉-၂၀၂၃) ရက်နေ့မှ (၁၈-၉-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်း တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ အိမ်သုတ်ဆေး၊ လျှပ်စစ်ပစ္စည်း၊ စားသောက် ကုန်၊ အလှကုန်ပစ္စည်း၊ GARMENT ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ဓာတ်မြေဩဇာနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့သည်။

              (၁၆-၉-၂၀၂၃) ရက်နေ့မှ (၁၈-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန် ပစ္စည်းများမှာ  အဝတ်အထည်၊ GARMENT ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း၊ စက်နှင့်စက် အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်သည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၇.၀၉) ကျပ်ရှိပြီး ယခုအပတ်တွင် (၉၆.၆၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် ကျဆင်းခဲ့သည်။

              (၉-၉-၂၀၂၃ မှ ၁၅-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန်လျှင် (၇၃၁.၇၅၀) ဒေါ်လာဖြင့် (၁၀၉၆.၀၀၀)တန်  (၀.၈၀၂) ဒေါ်လာသန်း၊ ချုပ်ပြီး အထည် (၁)ယူနစ်လျှင် (၁၁.၇၈၂) ဒေါ်လာဖြင့် (၆၁၁၀၅) U (၀.၇၂၀)‌ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၆၇၈.၀၁၆) ဒေါ်လာဖြင့် (၉၁.၇၇၅)တန် (၀.၁၅၄)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၄၆၅.၆၃၇) ဒေါ်လာဖြင့် (၄၄၂.၄၀၄)တန် (၀.၂၀၆)ဒေါ်လာသန်း၊ ကွမ်းသီး (၁)တန်လျှင် (၁၄၉၅.၇၂၆) ‌ဒေါ်လာဖြင့် (၁၁၇.၀၀၀)တန် (၀.၁၇၅) ဒေါ်လာသန်း၊ မြေပဲဆံ (၁)တန်လျှင် (၁၆၀၄.၀၁၀) ‌ဒေါ်လာဖြင့် (၉၉.၇၅၀)တန် (၀.၁၆၀) ဒေါ်လာသန်း၊ ငါးမျိုးစုံ(၁)တန်လျှင် (၂၅၁၆.၇၇၈) ‌ဒေါ်လာဖြင့် (၅.၉၆၀)တန် (၀.၀၁၅) ဒေါ်လာ သန်း၊ အခြားရေထွက်ပစ္စည်း (၁) တန်လျှင် (၃၄၀၂.၆၄၆) ဒေါ်လာဖြင့် (၁၅.၈၇၀) တန် (၀.၀၅၄) ဒေါ်လာ သန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၃.၂၈၈) ဒေါ်လာဖြင့် (၆၆၉.၀၀၀) တန် (၀.၁၃၆) ဒေါ်လာသန်း နှင့် သတ္တု နှင့် သတ္တုရိုင်းများ (၁)တန်လျှင် (၁၄၀၀)‌ ဒေါ်လာ ဖြင့် (၁၈၀) တန် (၀.၂၅၂) ဒေါ်လာသန်း တို့ ဖြစ်သည်။

              (၉-၉-၂၀၂၃ မှ ၁၅-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၄.၉၇၆) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၁.၇၃၅) ဒေါ်လာသန်း၊ စက်နှင့်စက်အပိုပစ္စည်းများ (၁.၁၉၆) ဒေါ်လာသန်း၊ ဆပ်ပြာ (၁.၀၉၄) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၁.၀၇၆) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၁.၀၇၄) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၇၆၂) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၉၄၀) ဒေါ်လာသန်း၊ ဘတ္ထရီအခြောက်များ (၀.၅၀၉) ဒေါ်လာသန်းနှင့် အခြားစက္ကူ များ (၀.၈၉၇) ဒေါ်လာသန်းတို့ ဖြစ်သည်။

              မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၁.၅၃၄) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၆၁.၆၇၈) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၇၃.၂၁၂) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့သည်။