မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့/ တင်သွင်းနိုင်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

          မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့မှ ဩဂုတ်လ (၂၇) ရက် နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၇.၂၀) တန် ၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း အား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ  ပင်းရင်းနိုင်ငံသက်သေခံ လက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့်ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေး  စခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့်မြိတ်-ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

         မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်ဩဂုတ်လ(၂၃) ရက်နေ့မှ ဩဂုတ်လ(၂၇) ရက်နေ့ အတွင်းသွင်းကုန်တင်သွင်းမှုဓါတ်ဆီ တစ်တန်လျှင် (၉၄၉) ဒေါ်လာနှုန်းဖြင့် (၃၀၀) တန် ၊ တန်ဖိုး (၀.၂၈၅) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၂၁၀) ကျပ် နှင့်ဒီဇယ်တစ်လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ ဘတ်ငွေလဲ နှုန်းမှာ (၁) ဘတ်လျှင် (၁၀၈) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။