မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့/တင်သွင်းနိုင်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့

                     မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂)ရက်နေ့မှ ဩဂုတ်လ(၇)ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀)ဒေါ်လာနှုန်းဖြင့် (၇.၂၀၀)တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းအား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေး စခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

                  မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂)ရက်နေ့မှ ဩဂုတ်လ(၇)ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှုဒီဇယ်ဆီ တစ်တန်လျှင် (၈၂၃) ဒေါ်လာနှုန်းဖြင့် (၁၀၀၀) တန် ၊ တန်ဖိုး (၀.၈၂၃) ဒေါ်လာသန်း ၊ ဓါတ်မြေဩဇာ (၂၀၀) တန် ၊ တန်ဖိုး (၀.၀၅၉) ဒေါ်လာသန်း ၊ ဘက်ထရီအိုး (၁၉၀၁) U ၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ သံချောင်း (၅၅)တန်၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်း၊ Empty Gas ဗူးခွံ (၆၉.၀၇၆) တန် ၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း သွင်းကုန်စုစုပေါင်းတန်ဖိုး (၀.၉၅၉) ဒေါ်လာသန်းအား တင်သွင်းခဲ့ပါသည်။မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၅၉၀) ကျပ်နှင့်ဒီဇယ် တစ်လီတာ(၂၅၆၈) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၉၇.၂၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။