တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန်ကုန်သွယ်နိုင်မှု

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့

                 တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ်(၂၉-၇-၂၀၂၃ မှ ၄-၈-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန် (၅၆၃.၈၀၆) တန်၊ တန်ဖိုး (၀.၁၆၇)ဒေါ်လာသန်း၊ ကြက်သွန်ဖြူ တန်ချိန် (၁၇၀.၅) တန်၊ တန်ဖိုး (၀.၃၃၄) ဒေါ်လာ သန်း၊ လက်ဖက်ခြောက် တန်ချိန် (၅၄.၈၂၅) တန်၊ တန်ဖိုး(၀.၀၃)ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်း တန်ချိန် (၁၂၆)တန်၊ တန်ဖိုး (၀.၀၁၅)ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ တန်ချိန် (၁၂) တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ပြောင်း ရာသီစတင်ချိန်က တစ်ဖက်နိုင်ငံဝယ်လက်သည် ပြောင်း ၁ ကီလိုလျှင် (၁၂.၃) ဘတ်ထိ ဈေးပေးခဲ့သော်လည်း ဇူလိုင်လကုန်တွင် ၁ ကီလိုလျှင် (၉.၅) ဘတ် မှ (၉.၈) ဘတ်ခန့်သာ ဈေးပေးဝယ်ယူခြင်း၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ တာချီလိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ Phythosanitary Certificate ထုတ်ပေးနိုင်ခြင်း မရှိဘဲ ၂၃ ဩ ၀၄ ရက်မှသာ PC ပြန်လည်ထုတ်ပေးသည့်အတွက် ပြောင်းတင်ပို့မှုလျော့နည်းကြောင်း တွေ့ရှိရပါသည်။ တာချီလိတ် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ (၄)မိုင်ဂိတ်၊ တာကော်တံတားဂိတ်၊ ကျိုင်းတုံ (နောင်နွန်းဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအား ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (QR) စစ်ဆေး၍ဆောင်ရွက်နေသည့်အတွက် ကုန်သွယ်မှုတွင်လွယ်ကူချောမွေ့လျက်ရှိသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၄၀) ဘတ်ဖြစ်ပေါ်ခဲ့သည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဘိလပ်မြေ (၀.၃၀၆) ဒေါ်လာသန်း၊ မော်တော်ယာဉ် နှင့်မော်တော်ယာဉ်ပစ္စည်းများ (၀.၁၂၇) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်း (၀.၃၁၄) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၇၂) ဒေါ်လာသန်း ၊သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၁၂) ဒေါ်လာသန်း ၊ဓာတုဗေဒပစ္စည်းများ (၀.၀၁၅) ဒေါ်လာသန်း ၊ သုတ်ဆေး/ပေါလစ်များ (၀.၀၀၃) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၀၂)ဒေါ်လာသန်း အပါအဝင် သွင်းကုန်တန်ဖိုး (၁.၀၁၁) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။ဈေးနှုန်းအနေဖြင့် ဒီဇယ်ဆီတစ်တန်လျှင် (၈၄၃.၈၀)ဒေါ်လာ ၊ ဓါတ်ဆီတစ်တန် လျှင် (၉၀၆.၀၈) ဒေါ်လာဖြစ်သည်။