ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပြောင်းများစတင်တင်ပို့

   ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်

    ယခုရက်ပိုင်းအတွင်း ပြောင်းရာသီရောက်ရှိလာပြီဖြစ်၍ တရုတ်နိုင်ငံ၏ ဘိန်းအစားထိုးသီးနှံ ပါမစ်ခွင့်ပြုချက်ဖြင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့  ပြောင်းတင်ပို့မှုများပြားလာ လျက်ရှိသည်။ ပြောင်းစတင်တင်ပို့သည့် ၂-၁၁-၂၀၂၂ ရက်နေ့မှ ၂၀-၁၁-၂၀၂၂ ရက်နေ့ထိ ပြောင်း တန်ချိန် ၅၇၃၉.၉၁ တန်၊ ၁၆၂၄၇၄.၄၀ ဒေါ်လာ တရုတ်နိုင်ငံသို့တင်ပို့ပြီးဖြစ်ပါသည်။ ပြောင်း၊ နှံစား ပြောင်း တို့အပြင် ဆန်ကွဲ၊ Rubber MSR 20၊ RUBBER R.S.S (1)၊ RUBBER R.S.S (2)၊ RUBBER R.S.S (3) တို့ကို ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့လျက်ရှိပါသည်။ ထို့ အပြင် ဝဥအစို၊ ဝဥအခြောက်၊ Concentrate Latex 60% DRC(ရော်ဘာကြမ်း)၊ Rubber M.S.R-20၊ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ပန်းသစ်တော်သီး၊ စပျစ်သီး၊ တည်သီးအစို၊ တည်သီးအခြောက်၊ သလဲသီးတို့ကိုလည်း တင်ပို့လျက်ရှိသည်။ ရှေ့လာမည့်ကာလများတွင် ကြံရာသီရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ကုန်သွယ်မှု ပမာဏတိုးတက်လာမည်ဟု ခန့်မှန်းကြပါသည်။