ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ သစ်သီးတင်သွင်းမှုအခြေအနေ
၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့
ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ သစ်သီးသွင်းကုန်လိုင်စင်လျှောက်ထားခွင့်ပြုပေးလျက်ရှိရာ (၁-၁၁-၂၀၂၂) ရက်နေ့မှ (၁၅-၁၁-၂၀၂၂) ရက်နေ့ထိ ပန်းသီး (၂၁.၃) တန်၊ လိမ္မော်သီး (၄၁.၀၀) တန် တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ သစ်သီးတင်သွင်းရာတွင် စိုက်ပျိုးရေးဦးစီးဌာန၏ Import Certificate (IC) ထောက်ခံချက်ဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးချုပ်သို့တင်ပြခွင့်ပြုချက်ရယူရပြီးမှသာ တင်သွင်းခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း တရုတ်ငွေ (၁) ယွမ်လျှင် မြန်မာကျပ်ငွေ အနိမ့်ဆုံး(၄၂၇) ကျပ်မှ အမြင့်ဆုံး (၄၃၅) ကျပ်ထိ ဖြစ်ပေါ်ခဲ့ပြီး ငွေလဲနှုန်း သိသာစွာ ပြောင်းလဲမှုမရှိခဲ့ကြောင်းသိရသည်။
