ချစ်သူပေးတဲ့ လမုန့်
တချို့လူတွေ ကျတော့လည်း အခြေ အနေ တစ်ရပ် ရပ်ကြောင့် အန္တရာယ် ရှိတဲ့ ကိစ္စနဲ့ ကြံဖန်ပြီး လွဲသွား တတ်တာ ရှိပါတယ်။ တရုတ် နိုင်ငံ ရွှေလီမြို့က ချစ်သူ နှစ်ဦး အကြောင်း ကြားခဲ့ ရဖူးပါတယ်။
မိန်းကလေး တစ်ဦးက နိုင်ငံခြား ပညာတော်သင် မသွားခင်လေးမှာ သူမ ရည်းစားကို တရုတ် ''လမုန့်'' ပေးထားတယ်လို့ ဆိုပါတယ်။ ယောကျာ်းလေး ကလည်း ချစ်သူ ပေးထားတဲ့ အမှတ်တရ လက်ဆောင် ဖြစ်တဲ့ အတွက်ဆိုပြီး သေသေ ချာချာ ထုတ်ပိုး ထားတယ်လို့ဆို ပါတယ်။ နောင် ၂ နှစ်ခန့် အကြာ မိန်းကလေး ဖြစ်သူဟာ နိုင်ငံခြား ပညာတော်သင်မှ ပြန်လာပြီး လက်ထပ်ပွဲ လုပ်မယ့် အချိန်မှာ လက်ဆောင် ရတဲ့ တရုတ် လမုန့် ထုတ်ကို ဖြေကြည့် ကြရာ မပျက်စီးဘဲ နဂို မူလ ထားတဲ့ အတိုင်း ရှိနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ထူးခြားသည်မှာ တရုတ် လမုန့်ဟာ ၂ နှစ်အတွင်း မပုပ် မသိုးပဲ ဒီအတိုင်းရှိ နေခြင်းဘဲ ဖြစ်ပါတယ်။ အကယ်၍သာ ချစ်သူ ပေးတဲ့ မုန့်ဆိုပြီး စားမိတယ် ဆိုရင် တာရှည် ခံအောင် ထည့်ထားတဲ့ ဓါတု ပစ္စည်းတွေကြောင့် ယောကျာ်းလေးဟာ လူ့လောကကြီးမှ အပြီး အပိုင် ထွက်ခွာပြီး ဖြစ်နေ ပါလိမ့်မယ်။
အထက် ဖော်ပြပါ တရုတ် ''လမုန့် '' အတော် များများကို ကျွန်တော်တို့ မြန်မာ နိုင်ငံ ဈေးကွက်ထဲမှာ မြင်တွေ့ နေရတာ စိတ် မချမ်းသာ စရာ ကောင်းလှပါတယ်။ ဒီမုန့်ကြောင့် ကင်ဆာလို ရောဂါမျိုး ခံစားခဲ့ ရတဲ့ မြန်မာ နိုင်ငံသားတွေ ဒုနဲ့ဒေး ရှိနေမှာ ဖြစ်တယ်။ ဒါကြောင့် ဒီလို အလွန် တရာမှ အန္တရာယ် များလှတဲ့ အစား အသောက်တွေ အကြောင်းကို များများပြော များများရေးဖို့ အကြောင်း ဖြစ်လာ ရတာ ဖြစ်ပါတယ်။
စစ်သားတွေ စစ် မြေပြင်မှာ အသွား မတော်လို့ မိုင်းနင်း မိပြီး သေခဲ့ရင် ကံဆိုးတယ်လို့ ပြောရ ပေမယ့် မြန်မာ နိုင်ငံသား တစ်ယောက် မြန်မာ နိုင်ငံ အတွင်းမှာ နေပြီး နိုင်ငံခြားက လာတဲ့ တရုတ် လမုန့် စားပြီး သေတယ် ဆိုရင် '' ကံဆိုးတယ်'' လို့ သတ်မှတ်လို့ ရနိုင်မှာလား၊ မသိ နားမလည်လို့ စားမိပါတယ် ဆိုတဲ့ နောင်တ စကားများ မထွက်လာမီ ကျွန်တော်တို့ အားလုံးမှ ပညာ ပေးတန် ပေးရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် Media များမှ ကျယ်ကျယ် ပြန့်ပြန့် ရေးသား ပြောဆို အသိပေးဖို့ လုပ်ကြရမှာ ဖြစ်ပါတယ်။