USAID နှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် အစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့

 

          မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာကိစ္စရပ်များအတွက် USAID နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ ဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ် မေလ၌် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ USAID နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ်မြောက် ဆွေးနွေးပွဲဖြစ်သည့်  Seminar on “Protecting Consumer Rights in Myanmar: Effectively Implementing on the New Law on Consumer Protection and International Perspectives” ကို နံနက် (၀၈း၃၀) နာရီမှ ညနေ (၁ရး၃၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်နှင့် အမေရိကန်နိုင်ငံသံရုံးမှ အမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Mr. Daniel Swift တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့ များမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ USAID မှ တာဝန်ရှိသူများနှင့် အမေရိကန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း (၉၇) ဦး တက်ရောက် ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရဌာနများနှင့် အသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ၊ စားသုံးသူနှင့်ထုတ်လုပ်သူကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ကိုယ်စားလှယ်များမှ စာတမ်းများ ဖတ်ကြားဆွေးနွေးခဲ့ပြီး အမေရိကန် နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် မေးခွန်းများ အပြန်အလှန် ဆွေးနွေးပြောကြားကာ ဆွေးနွေးပွဲအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထို့နောက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်း ရေးအဖွဲ့နှင့် USAID မှ တာဝန်ရှိသူများအား အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေး သို့ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့၊ ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အမေရိကန် နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် USAID မှ တာဝန်ရှိသူများ စုစုပေါင်း (၂၈ ) ဦး တက်ရောက် ခဲ့ကြကာ အစည်းအဝေးတွင် ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ဆောင်ရွက် နေသော လုပ်ငန်းများနှင့် နည်းပညာအကူအညီပေးမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား ခဲ့ပါသည်။

          ဆက်လက်၍ ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် နေပြည်တော်၊ Royal ACE Hotel ၌ USAID နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး နှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော စတုတ္ထအကြိမ်မြောက် ဖြစ်သည့် Seminar on “Protecting Consumer Rights in Myanmar: Effectively Implementing on the New Law on Consumer Protection and International Perspectives” ကို နံနက် (၀၈း၃၀) နာရီမှ ညနေ (၁ရး၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးနှင့် USAID – funded Private Sector Development Activity မှ Chief of Party ဖြစ်သူ Mr. Steve Parker တို့မှ အဖွင့်အမှာစကား ပြောကြားဖွင့်လှစ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးရုံးများ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ USAID မှ တာဝန်ရှိသူများနှင့် အမေရိကန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း (၉၄) ဦး တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရဌာနများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်အသီးသီးမှ စာတမ်းများ ဖတ်ကြားဆွေးနွေးခဲ့ပြီး အမေရိကန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် မေးခွန်းများ အပြန်အလှန် ဆွေးနွေးပြောကြားကာ ဆွေးနွေးပွဲအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၅၂) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် နံနက် (၀၉း၃၀) နာရီမှ ညနေ (၁၃း၃၀) နာရီအထိ စားသုံးသူအကာအကွယ် ပေးရေးနည်းဥပဒေမူကြမ်းရေးဆွဲရေးဆိုင်ရာ နည်းပညာဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ သို့ အမေရိကန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ USAID မှ တာဝန်ရှိသူများနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များမှ နည်းဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှလည်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၅၂) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးခန်းတွင် နံနက် (၁၀း၃၀) နာရီမှ နေ့လည် (၁၂း၀၀) နာရီအထိ စားသုံးသူအကာအကွယ်ပေးရေးနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဆိုင်ရာ  မဟာဗျူဟာချမှတ်နိုင်ရေးအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ USAID မှ တာဝန်ရှိသူများ စုစုပေါင်း (၈) ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အဓိကအားဖြင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲချမှတ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။