ABOUT MOC

 ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို အရာထမ်း (၁၅၂) နေရာ၊ အမှုထမ်း (၄၈၁)နေရာ၊ စုစုပေါင်း (၆၃၃) နေရာဖြင့် ဌာနခွဲ (၈) ခုပါဝင်ဖွဲ့စည်းခဲ့ပါသည်။

ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဖွဲ့စည်းထားသောဌာနခွဲ (၈) ခု

    (က) စီမံရေးရာဌာနခွဲ

    (ခ) ငွေစာရင်းဌာနခွဲ

    (ဂ) ကုန်သွယ်မှုမူဝါဒဌာနခွဲ

    (ဃ) WTO နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဌာနခွဲ

    (င) စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ

    (စ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ

    (ဆ) ASEAN နှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများဌာနခွဲ

    (ဇ) သုတေသနနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲ

ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ တာဝန်သတ်မှတ်ချက်များ

    (က) ကုန်သွယ်မှု စီမံကိန်းများ ရေးဆွဲချမှတ်ဆောင်ရွက်ခြင်း၊

    (ခ) ကုန်သွယ်မှု မူဝါဒနှင့်လုပ်ငန်းများ ရေးဆွဲချမှတ်ဆောင်ရွက်ခြင်း၊

    (ဂ) ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်နှင့် စီးပွားရေးအကျိုးဆောင်လုပ်ငန်း မှတ်ပုံတင်ခြင်း၊ ပယ်ဖျက်ခြင်း လုပ်ငန်းများ စိစစ်ဆောင်ရွက်ခြင်း၊

    (ဃ) ပို့ကုန်သွင်းကုန်လိုင်စင်များ၊ ပါမစ်များနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း၊စိစစ်ခြင်း၊ ထုတ်ပေးခြင်း၊

    (င) ပို့ကုန်တိုးမြှင့်ရောင်းချရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးခြင်း၊

    (စ) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနကိုယ်စား ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊

    (ဆ) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊

    (ဇ) ပြည်တွင်း၊ပြည်ပ ကုန်စည်ပြပွဲများကိစ္စ ဆောင်ရွက်ခြင်း၊

    (ဈ) ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများတွင် အကောင်အထည်ဖော်

         ပါဝင်ဆောင်ရွက်ခြင်း၊

    (ည) ကုန်သွယ်မှုဆိုင်ရာအမိန့်၊ ညွှန်ကြားချက်နှင့် သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်း၊

    (ဋ) ဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်မှု ထုတ်ပြန်ခြင်း၊

    (ဌ) ဝန်ကြီးဌာန၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ စာရင်းများ၊ သတင်းအချက်အလက်များ ပြုစုအစီရင်ခံခြင်း၊

    (ဍ)စီမံကိန်းရေးဆွဲသုံးသပ်ရေးနှင့် စာရင်းမှတ်တမ်းများ ထိန်းသိမ်းခြင်း၊ ကုန်သွယ်မှုလုပ်ငန်များ သုတေသနနှင့် ဈေးကွက်သတင်းထုတ်ပြန်ခြင်း၊

ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် မဟာဗျူဟာလုပ်ငန်းစဉ်များ

 

   ဆောင်ပုဒ်     -  ကုန်သွယ်စီးပွားနိုင်ငံအား

   ရည်မှန်းချက်  -  ကုန်သွယ်မှုလုပ်ငန်းဖြင့် အမျိုးသားစီးပွားတိုးတက်အောင် ဆောင်ရွက်ရန်

                           (Developing National Economy with Trade)

   မျှော်မှန်းချက် -  (၁)  နိုင်ငံတော်၏ ကုန်သွယ်မှုမူဝါဒများကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ရေး၊

                     (၂)  ပို့ကုန်အမယ်သစ်များ တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အမျိုးသားစီးပွားကို အထောက်အကူဖြစ်စေရေး၊

                          (၃)  ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး၊

ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ မဟာဗျူဟာလုပ်ငန်းများ

    (က) နိုင်ငံတကာဈေးကွက်ချိတ်ဆက်ရောင်းဝယ်မှု တိုးတက်ရေးဆောင်ရွက်ရန်၊

    (ခ)  အမယ်သစ်ပို့ကုန်ရှာဖွေတင်ပို့ရေးဆောင်ရွက်ရန်၊

    (ဂ)  ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မထိခိုက်စေဘဲ ပြည်ပသွင်းကုန် အစားထိုးကုန် ထုတ်လုပ်ငန်းများ ပြည်ပပို့ကုန် ရှေးရှုကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးအတွက်     

          ပို့ကုန်သွင်းကုန်လုပ်ငန်းများအား ထိန်းညှိ ဆောင်ရွက်ရန်၊

    (ဃ) တစ်ဆင့်ခံကုန်သွယ်မှု (Transit Trade) နှင့် ပြန်လည်တင်ပို့ (Re-Export ) လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်၊

    (င)  နိုင်ငံတကာဈေးကွက်ထိုးဖောက်၍ End User ရှာဖွေတင်ပို့ခြင်းဖြင့် ဈေးမှန်ရရှိပြီး ပုံမှန်ချိတ်ဆက်ရောင်းဝယ်နိုင်ရေး နှင့် ကုန်သွယ်မိတ်ဖက်သစ် တိုးချဲ့ရှာဖွေရန်၊

    (စ)  တရားမဝင် မှောင်ခိုရောင်းဝယ်မှုများ တားဆီးထိန်းသိမ်းရေးနှင့် လမ်းကြောင်းမှန်ပေါ်မှ ကုန်သွယ်မှု မြှင့်တင်ရေး ဆောင်ရွက်ရန်၊

    (ဆ)  ကုန်သွယ်မှုအတားအဆီးများ လျော့နည်းပြီး လျင်မြန်ချောမွေ့အောင်ကြိုးပမ်းပေးခြင်းဖြင့် ကုန်သွယ်မှု၊ ငွေကြေး လည်ပတ်မှု သွက်လက်၍ အကြိမ်အရေအတွက် တိုးတက်

          လာပြီး နိုင်ငံစီးပွားရေးတိုးတက်လာရေး ဆောင်ရွက်ရန်၊

    (ဇ) နိုင်ငံတကာကုန်သွယ်မှုအဖွဲ့အစည်းများနှင့် ဒေသတွင်းကုန်သွယ်မှုအဖွဲ့အစည်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးပေါင်းစည်းမှု တိုးတက်ခိုင်မာ

          စေရန်၊

    (ဈ) ကုန်သွယ်ဖက်နိုင်ငံအသီးသီးနှင့် ကုန်သွယ်ဆက်ဆံမှုပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့်မြန်မာ့ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊

    (ည) ပြောင်းလဲလာမည့် နိုင်ငံတော်အုပ်ချုပ်ရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအစိုးရများမှ စီမံခန့်ခွဲမည့် စီးပွားရေး

           ဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်နွယ်သည့် ကုန်သွယ်မှုဆိုင်ရာ မူဝါဒလုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်သွားရန်၊

    (ဋ) စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ခေတ်နှင့်လျော်ညီသော ကျင့်ဝတ်သိက္ခာထိန်းသိမ်းရေး၊ ချမှတ်ထားသော ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းလွယ်ကူစွာ သိရှိ

         စေရေး ဆောင်ရွက်ရန်။

ကုန်သွယ်မှုမြှင့်တင်ရန်နည်းဗျူဟာ

    (က) ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊

    (ခ) ကုန်ပစ္စည်းတစ်မယ်ချင်းအလိုက် အရည်အသွေးနှင့်အရေအတွက် မြှင့်တင်ရောင်းချရေး၊

    (ဂ) ကုန်စည်များစီးပွားဖြစ် ထုတ်လုပ်ထွက်ရှိရာ မြို့ကြီးများတွင် လက္ကားကုန်စည်ဒိုင်ဈေးကွက်များ ဖြစ်ပေါ်လာရေးနှင့် ပြည်တွင်းဈေးကွက်ဖွံ့ဖြိုးမှုနှင့် ကူးသန်းရောင်းဝယ်မှု တိုးတက်

         လာသည်နှင့်အမျှ နိုင်ငံတကာဈေးကွက်ချိတ်ဆက် ရောင်းဝယ်မှု တိုးတက်လာရေး၊

    (ဃ) ကုန်ကြမ်းအတိုင်းရောင်းရာမှ (Value Added) တန်ဘိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့ ရောင်းချ နိုင်ရေးနှင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊

    (င) အမယ်သစ်ပို့ကုန်များရှာဖွေတင်ပို့ရောင်းချရေး၊

    (စ) ပင်လယ်ရေးကြောင်း ကုန်သွယ်မှုသာမက နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ပို့ကုန် သွင်းကုန်လုပ်ငန်းများအား ပြည်တွင်းစီးပွားရေးလုပ်ငန်းများ မထိခိုက်စေဘဲ တိုးတက်

         အောင်ထိန်းညှိဆောင်ရွက်ရေး၊

    (ဆ) တစ်ဆင့်ခံ ကုန်သွယ်မှု (Transit Trade) နှင့် ပြန်လည်တင်ပို့ (Re-Export) လုပ်ငန်းများမြှင့်တင်ရေး၊

    (ဇ) နိုင်ငံတကာ ဈေးကွက်ထိုးဖောက်၍ End User ရှာဖွေတင်ပို့ခြင်းဖြင့် ဈေးမှန်ရရှိပြီး ပုံမှန်ချိတ်ဆက် ရောင်းဝယ်နိုင် ရေးနှင့် ကုန်သွယ်မိတ်ဖက်သစ် တိုးချဲ့ရှာဖွေရေး၊

    (ဈ) တရားမဝင် မှောင်ခိုရောင်းဝယ်မှုများ တားဆီးထိန်းသိမ်းရေးနှင့် လမ်းကြောင်းမှန်ပေါ်မှ ကုန်သွယ်မှု မြှင့်တင်ရေး၊

    (ည)ကုန်သွယ်မှု အတားအဆီးများ လျော့နည်းပြီး လျင်မြန်ချောမွေ့အောင် ကြိုးပမ်းပေးခြင်းဖြင့် ကုန်သွယ်မှု၊ ငွေကြေး လည်ပတ်မှု သွက်လက်၍ အကြိမ်အရေအတွက် တိုးတက်

          လာပြီး နိုင်ငံစီးပွားရေးတိုးတက်လာရေး၊