ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၆-၂-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၂၅၁၂၂၀.၆၂၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၆၀.၉၃၇)သန်း၊ နယ်စပ်မှ (၁၄၀၃၄၄.၄၇၁) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၁.၁၅၈) သန်း၊ စုစုပေါင်း (၁၃၉၁၅၆၅.၀၉၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၁၈၂.၀၉၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၆-၂-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်
( ၁၆-၂-၂၀၂၄) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၆၂၂.၇၇၀ ၂.၈၅၀ ၆၂၅.၆၂၀
ကီလို ၆၇၈၈၁၁.၄၆၃ ၂၅၇၅.၈၂၅ ၆၈၁၃၈၇.၂၈၈
  ပဲတီစိမ်း US$ ၂၀၆.၂၉၇ ၃၈.၈၅၂ ၂၄၅.၁၄၉
ကီလို ၃၀၇၂၅၈.၀၂၅ ၅၇၀၉၀.၉၀၆ ၃၆၄၃၄၈.၉၃၁
  ပဲစဉ်းငုံ US$ ၁၅၁.၁၉၆ ၀.၀၀၀ ၁၅၁.၁၉၆
ကီလို ၁၆၁၇၅၃.၉၅၃ ၀.၀၀၀ ၁၆၁၇၅၃.၉၅၃
  ကုလားပဲ US$ ၃.၄၄၉ ၀.၀၀၀ ၃.၄၄၉
ကီလို ၃၄၃၅.၂၂၃ ၀.၀၀၀ ၃၄၃၅.၂၂၃
  ပဲလွန်းဖြူ US$ ၂၂.၂၁၆ ၃.၁၉၅ ၂၅.၄၁၁
ကီလို ၃၄၀၃၆.၀၆၅ ၅၂၁၆.၉၁၈ ၃၉၂၅၂.၉၈၃
  မြေထောက်ပဲ US$ ၁၄.၂၀၀ ၁၇.၆၈၃ ၃၁.၈၈၃
ကီလို ၁၄၁၀၂.၀၄၂ ၁၂၂၆၉.၂၆၁ ၂၆၃၇၁.၃၀၃
  ထောပတ်ပဲ US$ ၁၃.၅၈၄ ၇.၀၄၄ ၂၀.၆၂၈
ကီလို ၁၃၅၂၄.၆၁၇ ၆၄၈၃.၀၈၁ ၂၀၀၀၇.၆၉၈
   ပဲယင်း US$ ၁၅.၅၄၈ ၂၄.၄၄၁ ၃၉.၉၈၉
ကီလို ၂၂၈၉၇.၅၆၂ ၃၀၁၄၄.၆၁၅ ၅၃၀၄၂.၁၇၇
  ပဲကြီး US$ ၂.၆၁၁ ၁.၀၉၆ ၃.၇၀၇
ကီလို ၂၅၄၉.၇၃၂ ၁၀၉၄.၅၀၀ ၃၆၄၄.၂၃၂
  ၁၀ ပဲကတ္တီပါ(စွန်တာနီ) US$ ၃.၀၃၁   ၃.၀၃၁
ကီလို ၄၈၆၃.၂၅၈   ၄၈၆၃.၂၅၈
  ၁၁ စွန်တာပြာ US$ ၀.၇၂၁ ၀.၀၀၀ ၀.၇၂၁
ကီလို ၁၁၀၅.၆၈၀ ၀.၀၀၀ ၁၁၀၅.၆၈၀
  ၁၂ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၃.၁၄၂ ၃.၁၄၂
ကီလို   ၅၂၃၈.၅၃၃ ၅၂၃၈.၅၃၃
  ၁၃ ပဲဖြူလေး US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၄ ဘိုကိတ်ပဲ US$ ၄.၁၀၃ ၀.၀၀၀ ၄.၁၀၃
ကီလို ၅၉၃၁.၂၆၃ ၀.၀၀၀ ၅၉၃၁.၂၆၃
  ၁၅ ပဲပုတ်စေ့ US$ ၀.၁၄၂ ၀.၀၀၀ ၀.၁၄၂
ကီလို ၁၆၂.၇၃၀ ၀.၀၀၀ ၁၆၂.၇၃၀
  ၁၆ ပဲနီကြား US$   ၁.၈၀၉ ၁.၈၀၉
ကီလို   ၃၅၂၄.၀၁၄ ၃၅၂၄.၀၁၄
  ၁၇ နိုင်လွန်ပဲ US$   ၁.၁၁၉ ၁.၁၁၉
ကီလို   ၁၅၉၆.၅၀၀ ၁၅၉၆.၅၀၀
  ၁၈ မြေပဲဆံ US$ ၁.၀၄၀ ၁၈.၈၅၁ ၁၉.၈၉၁
ကီလို ၇၆၂.၁၀၀ ၁၃၃၂၂.၂၁၈ ၁၄၀၈၄.၃၁၈
  ၁၉ အခြားပဲ US$ ၀.၀၂၉ ၁.၀၇၆ ၁.၁၀၅
ကီလို ၂၆.၉၁၅ ၁၇၈၈.၁၀၀ ၁၈၁၅.၀၁၅
    ပဲတင်ပို့မှုစုစုပေါင်း US$ ၁၀၆၀.၉၃၇ ၁၂၁.၁၅၈ ၁၁၈၂.၀၉၅
ကီလို ၁၂၅၁၂၂၀.၆၂၈ ၁၄၀၃၄၄.၄၇၁ ၁၃၉၁၅၆၅.၀၉၉

Pages